ဂျီ ၇ ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန် နဲ့ ယူကရိန်းနိုင်ငံကြား လုံခြုံရေးသဘောတူညီမှုစာချုပ်အသစ်ချုပ် ဆိုမယ်
Pika (NSS) - ဇွန် ၁၃
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဂျီ ၇ ထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းနိုင်ငံနဲ့ လုံခြုံရေးသဘော တူညီချက်အသစ် လက်မှတ်ရေးထိုးဖွယ်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်သမ္မတဟာ အဲဒီထိပ်သီးအစည်း အဝေးအတွင်း ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားကို ဖိအားပေးဖို့အပြင် ရုရှားကို ကူညီထောက်ပံ့ပေးနေတဲ့ တရုတ်နိုင်ငံကိုလည်း ဖိအားပေးနိုင်ဖို့ လုပ်ဆောင်ဖွယ်ရှိနေကြောင်း သိရပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်က "ဒီလုံခြုံရေးသဘောတူညီချက်အသစ်ဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ရည်ရွယ်တာပါ။ အနာဂတ်မှာ ပိုမိုကောင်းမွန်မှုတွေဖြစ်စေဖို့ လုပ်ဆောင်မှာပါ။ လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၁၅ နိုင်ငံဟာ ယူကရိန်းရဲ့ကာကွယ်ရေးစွမ်းရည် ပိုမိုကောင်းမွန်စေဖို့ ကိုယ်ပိုင်လုံခြုံရေး သဘောတူညီမှုစာချုပ်တွေ ချုပ်ဆိုထားတယ်" လို့ ပြောပါတယ်။
အမေရိကန်အစိုးရဲ့ယူကရိန်းနိုင်ငံကြား လက်မှတ်ရေးထိုးမယ့် လုံခြုံရေးသဘောတူညီမှုအသစ်ဟာ အမေရိကန် လွှတ်တော်ရဲ့အကူအညီတွေကို ယူကရိန်းကို ထပ်မံကူညီပေးနိုင်ဖို့ပါဝင်မှာဖြစ်ပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေကို ယူကရိန်းစစ်မြေပြင်မှာ ဖြန့်ကြတ်ချထားမယ့် အချက်တော့ မပါဝင်ကြောင်း ၎င်းက ထပ်မံပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ ရုရှား နဲ့ ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်း တွေ အဓိကထား ကူညီပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။ အမေရိကန်သမ္မတဟာ အဲဒီထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းသမ္မတဇီလန်စကီးနဲ့တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ထပ်မံလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခြိမ်းခြောက်မှုတွေတိုးလာနေတဲ့အတွက် စစ်ရေးပြင်ဆင်မှုတွေ ပိုမိုလုပ်ဆောင်ရမယ်လို့ ဖိလစ်ပိုင်သမ္မတပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ