အင်ဒိုနီးရှားက မိုက်ခရို ပလတ်စတစ် စားသုံးမှုအများဆုံးစာရင်းတွင်ပါဝင်လာ
ရောင်နီ(NSS) - ဇွန် ၁၂
ကမ္ဘာတစ်ဝှမ်း မိုက်ခရိုပလတ်စတစ်များ စားသုံးမှု၌ အင်ဒိုနီးရှားက ထိပ်ဆုံးမှ ရပ်တည်နေပြီး အင်ဒိုနီးရှားနိုင်ငံသားတွေဟာ တစ်လကို ပလတ်စတစ် (၁၅)ဂရမ်လောက် စားသုံးမိကြတယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေမှာ မလေးရှား၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင်ဟာ မိုက်ခရိုပလတ်စတစ် အများဆုံး စားသုံးနေကြတယ်လို့ Cornell တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ အဲဒီထဲကမှ မိုက်ခရိုပလတ်စတစ်ကို အများဆုံး စားသုံးမိနေတာကတော့ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပြီး တစ်လကို အကြွေးဝယ်ကတ် သုံးကတ်နဲ့ ညီမျှတဲ့ မိုက်ခရိုပလတ်စတစ် ၁၅ ဂရမ်ခန့် စားသုံးမိနေတယ်လို့ ဆိုပါတယ်။ အဆိုပါ ပလတ်စတစ်အမှုန်အများစုဟာ ငါးနဲ့ပင်လယ်စာလို ရေထွက်ပစ္စည်း အရင်းအမြစ်တွေကနေ စားသုံးမိခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပလတ်စတစ်ပစ္စည်းတွေ ပြိုကွဲတဲ့အခါ အရွယ်အစား (၅)မီလီအောက်သေးငယ်တဲ့ မိုက်ခရိုပလတ်စတစ်တွေဖြစ်လာပါတယ်။ ၄င်းတို့ကို ပင်လယ်ငါးတွေက စားသုံးမိပြီး အဆိုပါပင်လယ်စာတွေကို လူတွေက စားသုံးမိရာမှ သွယ်ဝိုက်သောနည်းနဲ့ လူသားတွေဆီ ပြန်လည်ရောက်ရှိလာခြင်းဖြစ်တယ်လို့ ယူဆရပါတယ်။
မိုက်ခရိုပလတ်စတစ်တွေဟာ လေထုထဲမှာလည်း ရှိနေတတ်ပါတယ်။ ဧပြီလ ၂၄ ရက်နေ့ထုတ် Environmental Science & Technology ဂျာနယ်မှ ဖော်ပြချက်အရ တရုတ်နဲ့ မွန်ဂိုလီးယားမှနေထိုင်သူတွေဟာ မိုက်ခရိုပလတ်စတစ်တွေကို အများဆုံးရှူရှိုက်မိကြလေ့ရှိပြီး တစ်လကို အမှုန်အမွှားပေါင်း ၂.၈ သန်းထိကို ရှူရှိုက်မိကြတယ်လို့ သိရပါတ။ Mount Elizabeth ဆေးရုံမှ အစာအိမ်ဆိုင်ရာပါရဂူ ဒေါက်တာလင်လီဂွမ်က လေ့လာချက်များအရ မိုက်ခရိုပလတ်စတစ်တွေကို စားသုံးခြင်းဟာ အူအတွင်းပိုင်းမှာ အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အူလမ်းကြောင်းရောင်ရမ်းခြင်းနဲ့ အစာအိမ်အနာဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီးလောင်မှုကြောင့် လစဥ်ပြည်သူ(၁ဝ)ဦးထက်မနည်း သေဆုံးနေရပြီး နေ့စဉ်ကျပ်သန်း (၄ဝ)ကျော်ဖိုး နစ်နာဆုံးရှုံးနေရ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ