အော်ရီဂွန်ကမ်းခြေမှာ ၇ ပေ အရှည်ရှိတဲ့ ရှားပါး hoodwinker ငါးတစ်ကောင် တွေ့ရှိ
ရောင်နီ (NSS) - ဇွန် ၁ဝ
ယခုသီတင်းပတ်အစောပိုင်းက အော်ရီဂွန် ကမ်းရိုးတန်းကမ်းခြေမှာ ရှားရှားပါးပါး ၇.၃ ပေ အရှည်ရှိ hoodwinker ငါးတစ်ကောင် ကမ်းကပ်နေတာကို ထူးထူးခြားခြား တွေ့ခဲ့ရတယ်လို့ Seaside Aquarium မှ ပြောကြားခဲ့ပါတယ်။
အဆိုပါ အရွယ်အစားကြီးမားလွန်းတဲ့ ရေနေမျိုးစိတ်ကို ဇွန် ၃ ရက်က အော်ရီဂွန်အနောက်မြောက်ပိုင်း၊ ဂီရာဟတ် ကမ်းခြေတစ်လျှောက်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှာ ငါးပြတိုက်က ဖော်ပြထားတဲ့ဓာတ်ပုံတွေမှာ ဖောင်းကားနေတဲ့ ဧရာမငါးကြီး ပါးစပ်ဖွင့်ကာ သဲပြင်ပေါ်မှာ လဲလျောင်းနေပုံကို တွေ့ရပါတယ်။
အဆိုပါ ငါးတွေဟာ တောင်ပိုင်းကမ္ဘာခြမ်းရဲ့ သမပိုင်းရေပြင်မှာသာ နေထိုင်တယ်လို့ ကနဦး ယူဆထားခဲ့တာပါ။ ဒါပေမယ့် ဒီဖြစ်ရပ်ကတော့ အဆိုပါ ငါးတွေ ကယ်လီဖိုးနီးယားရဲ့ ကမ်းခြေအနည်းငယ်နဲ့ အလက်စကား မြောက်ဘက်စွန်းတစ်ပိုင်းကို မျောပါကျတ်စားလာခြင်းကို မီးမောင်းထိုးပြနေခြင်း ဖြစ်တယ်လို့ Seaside Aquarium က ဆိုပါတယ်။
အခုတွေ့ရှိရတဲ့ ဧရာမ hoodwinker ငါးဟာ စနေနေ့(ဇွန်လ ၈ ရက်) အထိ ကမ်းခြေမှာ ရှိနေခဲ့တယ်လို့ ငါးပြတိုက်က ဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားမှာ အမျိူးသမီးတစ်ဦး စပါးအုံးမြွေမျိုခံရမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ