ယီမင်နိုင်ငံမှာဖမ်းဆီးခံခဲ့ရတဲ့ အကူအညီပေးရေးဝန်ထမ်းတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂတောင်းဆို
ဂျန်ဇက် (NSS) - ဇွန် ၈
ကုလသမဂ္ဂအဖွဲ့ဟာ ဖမ်းဆီးခံထားရတဲ့ ဝန်ထမ်း(၁၁)ဦးကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ကြောင်းသိရပါတယ်။ ယီမင်နိုင်ငံ ဟူသီလက်နက်ကိုင်အုပ်စုဟာ ကုလသမဂ္ဂဝန်ထမ်း (၁၁)ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယီမင်နိုင်ငံမှာ ကုလသမဂ္ဂဝန်ထမ်းတွေရှိနေပြီး အဲဒီဝန်ထမ်းတွေဟာ အကူအညီပေးရေးလုပ်ငန်းတွေလုပ်ကိုင်နေကြောင်း သိရပါတယ်။ ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက ဖမ်းဆီးခံထားရတဲ့ ဝန်ထမ်းတွေကို ဘေးကင်းစွာနဲ့အမြန်ဆုံးပြန်လွတ်မြောက်စေဖို့ လမ်းကြောင်းတွေ ဖွင့်လှစ်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုဟာ ဟားမက်စ်နဲ့အစ္စရေးနိုင်ငံကြား ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုက ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး ပင်လယ်နီဒေသအတွင်းရှိ ကုန်စည်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ အထူးသဖြင့် အမေရိကန်နဲ့ ဗြိတိန်တို့ ဦးဆောင်တဲ့ မဟာမိတ်နိုင်ငံတွေရဲ့ကုန်စည်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
ယီမင်နိုင်ငံဟာ ၁၀ စုနီးပါးကြာ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့နိုင်ငံဖြစ်ရာ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအကူအညီပေးရေး ဝန်ထမ်းတွေအတွက်အန္တရာယ်တွေရှိနေတဲ့နိုင်ငံဖြစ်ကြောင်း သုံးသပ်မှုတွေလည်းရှိနေပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုက ယီမင်နိုင်ငံအတွင်းရှိ ပိုင်နက်နယ်မြေအများစုကို ထိန်းချုပ်ထားကြောင်း သိရပါတယ်။ ယီမင်နိုင်ငံပြည်တွင်းစစ်ပွဲအတွင်း လူပေါင်း (၁)သိန်းခွဲကျော်သေဆုံးထားပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုများစွာမြင့်တက်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသားက ဇနီးကိုဓားဖြင့်ခုတ်သတ်ကာ ကလေး(၂)ဦးကို ရေတွင်းထဲပစ်ချထွက်ပြေးမှု ဘုရားသုံးဆူမြို့၌ဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း