အစ္စရေးက ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးအတွက် အမေရိကန်သမ္မတရဲ့အဆိုပြုချက်တွေကို လက်ခံ
ဂျန်ဇက် (NSS) - ဇွန် ၃
အစ္စရေးနိုင်ငံဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေး အဆိုပြုချက်တွေကို လက်ခံလိုက် ကြောင်း၊ ဒါပေမယ့် အပစ်ခတ်ရပ်စဲရေးချုပ်ဆိုနိုင်ဖို့ မူဘောင်စည်းကမ်းတွေကို ပိုမိုလုပ်ဆောင်ရဖို့ လိုအပ်နေ ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုရဲ့အကြံပေးဖြစ်သူက ပြောပါတယ်။
နေတန်ရာဟုရဲ့နိုင်ငံခြားရေးရာအကြံပေးဖြစ်သူ Ophir Falk ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အဆိုပြု ကမ်းလှမ်းခဲ့တဲ့ ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးစာချုပ်ဟာ ကောင်းမွန်တဲ့ စာချုပ်မျိုးမဟုတ်ပေမယ့် လက်ခံလိုက် ကြောင်း၊ အစ္စရေးအစိုးရဟာ ဟားမက်စ်အဖွဲ့လက်ထဲမှာ ပိတ်မိနေတဲ့ ပြန်ပေးဆွဲခံထားရသူအားလုံး အသက်ရှင် ရက် ပြန်လွှတ်မြောက်စေလိုကြောင်း ပြောပါတယ်။
၎င်းက "ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကတော့ လုပ်ဆောင်ရမယ်။ ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်ပေးရမယ့်ဆိုတဲ့အချက်တွေ ပါဝင်မှာဖြစ်တယ်။ ဟားမက်စ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုတွေက ပြောင်းလဲမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲနိုင်ဖို့ အဆင့်သုံးဆင့်ပါတဲ့ အဆိုပြုကမ်းလှမ်းချက် တွေကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ အဆိုပါကမ်းလှမ်းချက်တွေကို လက်ခံထားပေမယ့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ဖျက်ဆီးတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အမြဲတမ်း အပစ်ခတ်ရပ်စဲရေး ရယူနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်နိုင်စေဖို့ အမေရိကန် အပါအဝင်၊ ကာတာ၊ အီဂျစ်နိုင်ငံတို့က ကြားဝင်စေ့စပ်ဆွေးနွေးပေးနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ကာကွယ်ရေးဝန်ကြီး နဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ