အမေရိကန်ကာကွယ်ရေးဝန်ကြီး နဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး
ဂျန်ဇက် (NSS) - ဇွန် ၃
အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်ဟာ စင်ကာပူနိုင်ငံမှာကျင်းပတဲ့ ရှန်ဂရီလာလုံခြုံရေးဖိုရမ်ကို တက်ရောက်လာချိန်အတွင်း အာဆီယံနိုင်ငံများက ကာကွယ်ရေးဝန်ကြီးများနဲ့တွေ့ဆုံဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။
တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုများဖြစ်နေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းအရှေ့တီမောနိုင်ငံတို့က ကာကွယ်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။
ဝန်ကြီးလွိုင်အော်စတင်ဟာ အာဆီယံကာကွယ်ရေးဝန်ကြီးများနဲ့တွေ့ဆုံပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပိုမိုကောင်းမွန်စေဖို့ အခွင့်အရေးတွေကို ဆွေးနွေးမှာဖြစ်ကြောင်း သိရပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ဒေသအတွင်း လုံခြုံရေးစိန်ခေါ်တွေနဲ့ပတ်သက်ပြီး ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီး အပေါင်းအစည်းအဝေး (ADMM)-Plus ကို အားပေးထောက်ခံကြောင်း ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာလမှာကျင်းပမယ့် (ADMM)-Plus အစည်းအဝေးမတိုင်ခင် ဒေသ အတွင်း လုံခြုံရေးကို ကူညီထောက့်ပံ့ပေးဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ကိုင်သွားမယ်ဆိုတဲ့ကတိ တွေကို အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ အာဆီယံ နိုင်ငံတွေရဲ့ကာကွယ်ရေးဝန်ကြီးတွေ နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ ဆောင်ရွက်မှုတွေအပြင် မြန်မာအရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ အာဆီယံဒေသအတွင်း နိုင်ငံပေါင်း ၅ နိုင်ငံနဲ့ တောင်တရုတ်ပင်လယ်မှာ ပိုင်နက် နယ်မြေအငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ