တရုတ်နှင့်အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ်လူချင်းတွေ့ဆုံ
Pika (NSS) - မေ ၃၁
တရုတ်ကာကွယ်ရေးဝန်ကြီးဒေါင်ဂျွန် နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်တို့သည် မေလ(၃၁)ရက်နေ့တွင် စင်ကာပူနိုင်ငံမှာကျင်းပသော ရှန်ဂရီလာဆွေးနွေးပွဲအတွင်း အပြန်အလှန်တွေ့ဆုံမှုလုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။ လွိုက်အော်စတင်နှင့် ဒေါင်ဂျွန်တို့တွေ့ဆုံမှုသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုတစ်ခုဖြစ်ကြောင်းလည်းသိရသည်။
လွိုက်အော်စတင်နှင့် ဒေါင်ဂျွန်တို့၏ တွေ့ဆုံဆွေးနွေးမှုသည် နေ့လည်(၁၂)နာရီ(၅၀)အချိန်တွင်စတင်ခဲ့ပြီး တစ်နာရီခန့်ကြာမြင့်နိုင်ဖွယ်ရှိကြောင်း တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့်အတူရှိနေသည့် အကြီးတန်းဗိုလ်မှူးကြီး ဒုဝီကပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ နှစ်ဖက်စလုံးမှ တာဝန်ရှိသူ(၁၀)ဦးစီတက်ရောက်ခဲ့ကြကြောင်း ဒုဝီကပြောကြားခဲ့သည်။ ပြီးခဲ့သည့်ဧပြီလတွင် လွိုက်အော်စတင်နှင့်ဒေါင်ဂျွန်တို့သည် ဖုန်းဖြင့်စကားပြောဆိုမှုများလုပ်ဆောင်ခဲ့ကြပြီးနောက် ယခုကဲ့သို့လူချင်းတွေ့ဆုံမှုထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါဖုန်းပြောဆိုမှုအတွင်း လွိုက်အော်စတင်နှင့်ဒေါင်ဂျွန်တို့သည် တောင်တရုတ်ပင်လယ်အရေး၊ ထိုင်ဝမ်ရေ လက်ကြားတို့ကဲ့သို့သော အဓိကကိစ္စရပ်များကြောင့် နှစ်နိုင်ငံကြားစစ်ရေးအရတင်းမာမှုများ မြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး အမျိုးမျိုးသောကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
၂၀၂၂ ခုနှစ်ဩဂုတ်လတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်းနန်စီပလိုစီ ထိုင်ဝမ်သို့သွားရောက်လည်ပတ်ခဲ့ပြီးနောက် တရုတ်နှင့်အမေရိကန်နိုင်ငံကြား ဆက်ဆံရေးများဆိုးရွားလာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တရုတ်သည် အမေရိကန်နှင့်စစ်ရေးအရ ဆက်သွယ်မှုလမ်းကြောင်းတွေကို ဖြတ်တောက်ပစ်ခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် ဆန်ဖရန်စ္စကိုမြို့တွင်တွေ့ဆုံခဲ့ကြပြီးနောက် နှစ်ဖက်စလုံးက စစ်ရေးအရဆက်သွယ်မှုများကို ပြန်လည်လုပ်ဆောင်ရန် ကြိုးပမ်းမှုများအပြီးတွင် လွိုက်အော်စတင်နှင့်ဒေါင်ဂျွန်တို့၏ တွေ့ဆုံမှုထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတသမိုင်းတွင် ရာဇဝတ်မှုကျူးလွန်သော ပထမဆုံးသမ္မတဖြစ်လာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ