သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတသမိုင်းတွင် ရာဇဝတ်မှုကျူးလွန်သော ပထမဆုံးသမ္မတဖြစ်လာ
ဂျန်ဇက် (NSS) - မေ ၃၁
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ်သည် အမေရိကန်သမ္မတများသမိုင်းတွင် ရာဇဝတ် မှုကျူးလွန်သည်ဟု ယုံကြည်ရသော ပထမဆုံးသမ္မတဖြစ်လာခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့တရားရုံးသည် ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားသောအမှုကို စစ်ဆေးခဲ့ကြောင်း၊ တရားသူကြီးအရေအတွက် ၁၂ ဦးပါဝင်သော အဖွဲ့သည် ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားသော စွဲချက်ပေါင်း ၃၄ ခုကို စစ်ဆေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်က ကျင်းပသော သမ္မတရွေးကောက်ပွဲမတိုင်ခင် အပြာမယ်တစ်ဦးကို နှုတ်ပိတ်ရန်ငွေကြေးပေးသည်ဆိုသောစာရွက်စာတမ်းများနှင့်ပတ်သက်ပြီး အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု အမေရိကန်မီဒီယာများက ဖော်ပြထားသည်။
ဒေါ်နယ်ထရမ့်သည်လာမည့် နိုဝင်ဘာလအတွင်းကျင်းပမည့် သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ပြီးနောက် မကြာမီစွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။ တရား သူကြီး မာချန်သည် ဇူလိုင် ၁၁ ရက်နေ့တွင် ဒေါ်နယ်ထရမ့်အပေါ် စွဲဆိုထားသောအမှုများနှင့်ပတ်သက်ပြီး ပြစ်ဒဏ်ပေးမည့်အခြေအနေကို ဆုံးဖြတ်သွားဖွယ်ရှိနေကြောင်း အမေရိကန်မီဒီယာများက ရေးသားဖော်ပြထားသည်။ ဒေါ်နယ်ထရမ့်သည် စွဲဆိုခံထားရသော စွဲချက်များနှင့်ပတ်သက်ပြီး အနည်းဆုံးထောင်ဒဏ် ၄ နှစ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေသလို ငွေဒဏ်ချမှတ်ခံရမှုများလည်းရှိနေကြောင်း သိရသည်။
သို့သော်လည်း အဆိုပါပြစ်ဒဏ်များသည် ဒေါ်နယ်ထရမ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းများကို တားဆီးနိုင်မည်မဟုတ်ကြောင်း၊ အပြီးသတ်အမိန့်မချမှတ်ခင် ထောင်ဒဏ်ကျခံရဖွယ်မရှိကြောင်း အမေရိကန်မီဒီယာများက ဖော်ပြထားသည်။ဒေါ်နယ်ထရမ့်သည် ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ရန်အတွက် အမေရိကန်ရီပတ်ဘလီကန်ပါတီကိုယ်စားပြုခွင့်ရရှိရေး ကြိုးပမ်းနေရာပါတီအတွင်း ယှဉ်ပြိုင်မှုများတွင် အလားအလာကောင်းနေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန်းမြို့ဈေးရှိ ဆယ်သန်းရွှေဆိုင် ဒုတိယအကြိမ်ထပ်မံ ဓားပြတိုက်ခံရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ