အစိုးရသတ်မှတ်ရက်အမီ အလုပ်ရှင်များက ခေါ်ယူရသည့်အတွက် ကွာလာလမ်ပူလေဆိပ်တွင် ရွှေ့ပြောင်းအလုပ်သမားများ စုပြုံရောက်ရှိ
ALynn (NSS) - မေ ၃၁
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် (KLIA) တွင် အလုပ်ရှင်များက သောကြာနေ့ (မေလ ၃၁)ရက်နောက်ဆုံးထား၍ ခေါ်ယူသည့်အတွက် ရွှေ့ပြောင်းအလုပ် သမားလေးဆမှ ကိုးဆအထိ အလျင်စလိုရောက်ရှိလာခဲ့သည်။ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုများတွင် လေဆိပ်ဂိတ်နှစ်ခု၏ ဂိတ်ပေါက်ဝတွင် ရွှေ့ပြောင်းအလုပ်သမားများ အများအပြား စုရုံးရောက်ရှိနေပြီး အချို့မှာကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြသည်။
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက မေလ ၂၂ ရက်နေ့မှစပြီး တစ်ရက်လျှင် ရွှေ့ပြောင်းအလုပ်သမား ၂,၅၀၀ အထိဝင်ရောက်လာပြီး တနင်္လာနေ့က ၄,၀၀၀ မှ ၄,၅၀၀ ကြားအထိ တိုးလာကြောင်း ကြာသပတေးနေ့ (မေလ ၃၀ ရက်)တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသည် ယခင်က ရွှေ့ပြောင်းအလုပ်သမားများ နေ့စဉ်ပုံမှန် ၅၀၀ မှ ၁,၀၀၀ အတွင်း ဝင်ရောက်မှုနှင့် နှိုင်းယှဉ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဌာနက ဆိုသည်။ ခရီးသည်များ၏လိုအပ်ချက်ကိုဖြည့်ဆည်းရန် နိုင်ငံတွင်းသို့ နောက်ထပ်ပျံသန်းမှုများအတွက် ထပ်တိုးလေကြောင်းလိုင်းများ ပြေးဆွဲလာပြီး သောကြာနေ့အထိ ရွှေ့ပြောင်းအလုပ်သမားအရေအတွက် တိုးလာမည်ဟုလည်း ခန့်မှန်းထားကြသည်။
ယခုနှစ် စက်တင်ဘာလကုန်မှ မေလ ၃၁ ရက်အထိ ကုမ္ပဏီများခေါ်ယူရန် နောက်ဆုံး သတ် မှတ်ရက်ကို အစိုးရက ဆုံးဖြတ်ချက်ဆောလျင်စွာချမှတ်ခဲ့ခြင်းကြောင့် ၎င်းတို့နိုင်ငံသို့ဝင်ရောက်ရန် အချိန်အနည်းငယ်သာရရှိတော့သည့်အတွက် အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများ စုပြုံရောက်ရှိလာခြင်းဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးဌာနက သောကြာနေ့ နောက်ဆုံးထား၍ ရွှေ့ပြောင်းအလုပ်သမားများခေါ်ယူရန် သတ်မှတ်ထားသည့်အတွက် အလုပ်ရှင်များက အစိုးရချမှတ်ထားသည့် ဗီဇာစည်းမျဉ်း(VDR)ဖြင့် ဝင်ခွင့်မရရှိသော ရွှေ့ပြောင်းအလုပ် သမားများအတွက် ခွဲတမ်းကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ရသည်။ ဗီဇာလျှောက်ထားမှုသည် လနှင့်ချီကြာမြင့်ပြီး နောက်ဆုံးသတ်မှတ်ရက်ကို လွတ်သွားနိုင်မည့် အလားအလာကြောင့် အလုပ်ရှင်များက အလျင်စလို ခေါ်ယူရသည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများကြားတွင် နစ်နာမှုများရှိလာသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နှင့်အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ်လူချင်းတွေ့ဆုံ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ