Joker: Folie à Deux ဇာတ်ကားတွင် လုံးဝကွဲပြားသော ဟာလီကွင်းဇာတ်ကောင်ကို တွေ့မြင်ရလိမ့်မည်ဟု လေဒီဂါဂါထုတ်ပြောလာ
Pika (NSS) - မေ ၂၉
၂၀၂၄ ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့တွင် စတင်ထွက်ရှိလာမည့် Joker: Folie à Deux ရုပ်ရှင်ဇာတ်ကားတွင် ဟာလီကွင်းဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သော ၎င်း၏အခန်းကဏ္ဍနှင့်ပတ်သက်ပြီး လုံးဝမတူကွဲပြားမှုများကို တွေ့မြင်ရမည်ဖြစ်ကြောင်း ကမ္ဘာကျော်ပေါ့ပ်အဆိုတော် လေဒီဂါဂါက ထုတ်ဖော်ပြောဆိုခဲ့သည်။
လေဒီဂါဂါသည် Joker: Folie à Deux ရုပ်ရှင်ဇာတ်ကားအသစ်တွင် ဟာလီကွင်းဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ လေဒီဂါဂါက 'Joker: Folie à Deux ရုပ်ရှင်ဇာတ်ကားမှာ ဟာလီကွင်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကျွန်မရဲ့ဗားရှင်းက ဘယ်သူနဲ့မှမတူဘဲ ကိုယ်ပိုင်ဖြစ်ပါတယ်။ ကျွန်မရဲ့ဗားရှင်းက ဒီရုပ်ရှင်၊ ဒီဇာတ်ကောင်အတွက် လုံးဝကိုက်ညီပါတယ်။ ဒီဇာတ်ကားကို လူတိုင်းရုပ်ရှင်ရုံမှာ သွားရောက်ကြည့်ရှုခံစားသင့်တယ်လို့ ကျွန်မထင်ပါတယ်'ဟု ပြောဆိုခဲ့သည်။ အဆိုပါဇာတ်ကားသည် ၎င်း၏ပေါ့ပ်စတားအရည် အချင်းများကို အကောင်းဆုံးအသုံးချထားခြင်းအား ပြသမည့် ဇာတ်ကားတစ်ခုဖြစ်ကြောင်း လေဒီဂါဂါက ပြောဆိုခဲ့သည်။
'ဒီဇာတ်ကားမှာ သီချင်း၊ ကတာတွေနဲ့ အံ့ဩစရာကောင်းတဲ့ သရုပ်ဆောင်မှုတွေပါဝင်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်တဲ့အချိန်အတွင်း လုပ်ခဲ့တဲ့အရာတွေအားလုံးကို ကျွန်မအရင်ကတစ်ခါမှမလုပ်ခဲ့ဖူးပါဘူး။ ဒါကြောင့်မလို့ ကျွန်မရဲ့ အခန်းကဏ္ဍကလုံးဝအသစ် စက်စက်ဖြစ်ပြီး အရမ်းပျော်ဖို့ကောင်းတာကို တွေ့ရပါလိမ့်မယ်။"ဟု ၎င်းကပြောဆိုခဲ့သည်။
ဩစတြေးလျရုပ်ရှင်သရုပ်ဆောင် မာဂေါ့ရော်ဘီသည် Suicide Squad (2016)၊ Birds Of Prey (2020) နှင့်The Suicide Squad(2021) ရုပ်ရှင်ဇာတ်ကားတို့တွင် ဟာလီကွင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဟာလီကွင်းဇာတ်ကောင်ကို လေဒီဂါဂါက လွှဲပြောင်းယူကာ ပါဝင်သရုပ်ဆောင်ခဲ့သည်ကို မြင်တွေ့ရသည့်အတွက် စိတ်လှုပ်ရှားမိကြောင်း မာဂေါ့ရော်ဘီက ဝန်ခံပြောဆိုခဲ့သည်။ မာဂေါ့ရော်ဘီက'ကျွန်မအဖြစ်ချင်ဆုံးက ဒီဟာလီကွင်းဇာတ်ကောင်ကို နာမည်ကြီးသရုပ်ဆောင်တွေဆီကို လွှဲပြောင်းပေးချင်ခဲ့တာပါ။ ပြီးတော့ ခုလိုတွေဖြစ်လာခဲ့လို့လည်း ပျော်မိပါတယ်။ ဟာလီကွင်းဇာတ်ကောင်ကို တစ်ခြားသရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်နိုင်တဲ့ ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်လာလောက်အောင် အုတ်မြစ်ကို အခိုင်အမာတည်ဆောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်'ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
'နိုင်ငံခြားအေးဂျင့်များ' ဥပဒေကြမ်းနှင့်ပတ်သက်၍ သမ္မတက ဗီတိုအာဏာသုံးခြင်းကို ဂျော်ဂျီယာပါလီမန် ပယ်ချ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ