Shein ဖက်ရှင်ကုမ္ပဏီရဲ့ ကလေးအသုံးအဆောင်ထုတ်ကုန်တွေမှာ ဓာတုပစ္စည်းတွေမြင့်မားစွာပါဝင်နေတယ်လို့ တောင်ကိုရီးယားပြော
ရောင်နီ (NSS) - မေ ၂၉
တရုတ်အခြေစိုက် အွန်လိုင်းစျေးဝယ်ကုမ္ပဏီကြီး Shein မှ ရောင်းချတဲ့ ကလေးအသုံး အဆောင်ပစ္စည်းတွေမှာ လက်ခံနိုင်တဲ့ ပမာဏထက်ခဲဆိပ်အဆရာနဲ့ချီပြီး ပါဝင်နေတယ်လို့ တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ် အစိုးရက အင်္ဂါနေ့ (မေလ ၂၈ ရက်)မှာ ပြောကြားပါတယ်။
Shein brand ဟာ ခေတ်မီအ၀တ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသက်သာဆုံးဈေးနှုန်းနဲ့ ရောင်းချပေးခြင်းကြောင့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကမ္ဘာတစ်ဝှမ်း ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ ၎င်းရဲ့ ကလေးအသုံးအဆောင် ပစ္စည်းတစ်ခုမှာ ခဲဆိပ်ပါဝင်မှုတွေ တွေ့ရှိလာရတဲ့နောက် ဆိုးလ်အာဏာပိုင်တွေက Shein၊ Temu နဲ့ AliExpress အပါအဝင် ပလပ်ဖောင်းတွေမှ ရောင်းချတဲ့ ပစ္စည်းတွေကို အပတ်စဉ် စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဘေးကင်းရေး စံနှုန်းဆန်းစစ်မှုကို တိုးမြှင့်နေပါတယ်။
အခုစစ်ဆေးမှုမှာ ကလေးဖိနပ်၊ သားရေအိတ်နဲ့ ခါးပတ်များအပါအဝင် Shein မှရောင်းချတဲ့ ကုန်ပစ္စည်း (၈)မျိုးကို စစ်ဆေးခဲ့တာဖြစ်ပြီး အများအပြားမှာ ဓာတုပစ္စည်းတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဖိနပ်တစ်ရံဟာဆိုရင်ခွင့်ပြုထားတဲ့ phthalates ပမာဏထက် (၄၂၈)ဆ ပါဝင်နေပြီး အခြားအိတ်သုံးအိတ်မှာ ကန့်သတ်ပမာဏထက် phthalates အဆိပ် (၁၅၃)ဆအထိ မြင့်မားစွာ ပါဝင်နေတယ်လို့ အစိုးရက ပြောကြားပါတယ်။
Phthalates ကို ပလပ်စတစ်ပျော့စေဖို့ တွင်တွင်ကျယ်ကျယ် အသုံးပြုကြလေ့ရှိပြီး ကွန်တိန်နာများ၊ အလှကုန်ပစ္စည်းများ၊ အရုပ်များအပါအဝင် ထုတ်ကုန်ထောင်ပေါင်းများစွာမှာ အဆိုပါဓာတုပစ္စည်းတွေ ပါဝင်နေတတ်ပါတယ်။ အဆိုပါ ဓာတုပစ္စည်း ပမာဏများများ ပါဝင်တဲ့ အသုံးအဆောင်တွေကို စွဲစွဲမြဲမြဲသုံးမိရင် အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ကင်ဆာအချို့နဲ့ မျိုးအောင်ခြင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထားဝယ် SEZ အတွက် ရုရှားတို့၏မဟာဗျူဟာအတွက်အချက် နှင့် ၂၀၂၅
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ