ဆေးခြောက်ကို ဆေးဝါးနှင့်သုတေသနရည်ရွယ်ချက်ဖြင့် စိုက်ပျိုးအသုံးပြုသူများအတွက် ပါမစ်ထုတ်ပေးရန် ထိုင်းအစိုးရစီစဉ်နေ
Pika (NSS) - မေ ၂၈
ထိုင်းအစိုးရသည် ဆေးခြောက်ကို မူးယစ် ဆေးဝါးအဖြစ် ပြန်လည်စာရင်းသွင်းရန်နှင့် ဆေး ဘက်ဆိုင်ရာ ရည်ရွယ်ချက်အပြင် သုတေသနအတွက် စိုက်ပျိုးအသုံးပြုသူများအတွက်ကိုသာ ပါမစ်ထုတ် ပေးရန် စီစဉ်နေကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး Somsak Thepsutin က မေလ (၂၃)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ယခုနှစ်အကုန်တွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြန်လည်စာရင်းသွင်းရန် စီစဉ်နေကြောင်း ဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ဖော်ပြော ဆိုခဲ့ပြီးနောက်Somsak Thepsutin ၏မှတ်ချက် များထွက်ပေါ်လာခြင်းဖြစ်သည်။ စည်းမျဉ်းအသစ်များ နှင့်အတူ ဆေးခြောက်ကို အပန်းဖြေရာတွင် အသုံးပြု ခြင်းကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း Somsak Thepsutin ကထပ်မံပြောဆိုခဲ့သည်။ ထို့ပြင် ဆေးခြောက်ကို ဆေးဘက်ဆိုင် ရာအပြင် သုတေသနအတွက် စိုက်ပျိုးသူများအနေဖြင့် လည်း လက်ဝယ်ထားရှိခြင်းနှင့်တင်ပို့ခြင်းတို့အတွက် လိုင်စင်လိုအပ်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့ သည်။ အဆိုပါလိုင်စင်အတွက် လုပ်ငန်းစဉ်အသေး စိတ်များကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
၎င်းက " ဒီပါမစ်စနစ်က အများပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်မလာစေဖို့ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အများပြည်သူအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ် ဆောင်နိုင်မယ့် အချိန်ကာလကိုလည်း ပေးအပ်သွား မှာပါဓဟုပြောဆိုခဲ့သည်။ ဆေးခြောက်အသုံးပြုမှုကို ထောက်ခံသောအုပ်စုများသည် ဆာရက်သာတာဗီဆင်၏လှုပ်ရှားမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ယင်း လုပ်ရပ်မှာ စီးပွားရေးကို ထိခိုက်လာစေနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် နာကျင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန်အတွက် ဆေးခြောက်ကိုအသုံးပြုသည့် ရှေးရိုးစွဲအစဉ်အလာရှိပြီး တိုင်းရင်းဆေးနှင့်ဟင်းချက်နည်းများတွင် အသုံး ပြုကြကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရထားလမ်းနှင့် ဘူတာရုံ မိုင်းခွဲခံရမှု အကြိမ်ရေပေါင်း (၂ဝဝ)ကျော်အထိ ရှိလာ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ