လေဆင်နှာမောင်းများ ဆက်တိုက်ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် အမေရိကန်တောင်ပိုင်းမှာ အနည်းဆုံးလူပေါင်း (၃ဝ)နီးပါးသေဆုံး
ဂျန်ဇက် (NP News) - ဧပြီ ၂
အမေရိကန်နိုင်ငံတောင်ပိုင်းမြို့များကို လေဆင်နှာမောင်းများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူပေါင်း (၂၆)ဦးသေဆုံးခဲ့ပြီး နေအိမ်အဆောက်အဦးအများအပြား ပျက်စီးသွားခဲ့ရတယ်လို့ အမေရိကန်အာဏာပိုင်များက ပြောပါတယ်။
အမေရိကန်တောင်ပိုင်းရှိ ပြည်နယ်များကို လေဆင်နှာမောင်း အကြိမ်ရေ (၆ဝ)ခန့်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး အိမ်အများစုက လျှပ်စစ်မီး ပြတ်တောက်လျက်ရှိနေကြောင်းသိရပါတယ်။ အမေရိကန်တောင်ပိုင်းရှိ အာကန်ဆတ်၊ တန်နက်ဆီပြည်နယ်၊ အီလီနွိုက်၊ အင်ဒီယာနာ ၊ အလာဘာမာ နဲ့ မစ္စစ္စပီပြည်နယ်တို့အပါအဝင်တောင်ပိုင်းရှိ ပြည်နယ်အများအပြား လေဆင် နှာမောင်းတိုက်ခတ်မှုဒဏ်ကို ဆိုးရွားစွာခံခဲ့ရကြောင်းသိရပါတယ်။ လေဆင်နှာမောင်းတိုက် ခတ်မှုများကြောင့် အပင်များပြိုလဲခဲ့ပြီး အိမ်တွေအပေါ် လဲကျခဲ့ကြောင်း ဒေသခံများကပြောပါတယ်။
ဒေသခံအမျိုးသမီးတစ်ဦးက "လေဆင်နှာမောင်းတိုက်ခတ်ချိန်မှာအိမ်ဟာ တုန်လှုပ်သွားသလိုဖြစ်ခဲ့တယ်။ ကျွန်မဟာ ကျယ်လောင်တဲ့အသံကြီးကိုလည်းကြားခဲ့ရတယ်။ နောက်ပိုင်းမှ လေဟာ တည်ငြိမ်သွားတယ်" လို့ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် အမေရိကန်တောင်ပိုင်းရှိပြည်နယ်အချို့မှာ အရေးပေါ်အခြေအနေများ ထုတ်ပြန်ထားပြီး အာကန်ဆတ်ပြည်နယ်မှာအရေးပေါ်အခြေနေကြေညာထားကြောင်းသိရပါတယ်။ မစ္စစ္စပီပြည်နယ်မှာ အနည်းဆုံး လူပေါင်း (၂၆)ဦးသေဆုံးစေခဲ့တဲ့ လေဆင်နှာမောင်းတိုက်ခတ်ခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်ကျော်ကြာချိန်မှာ လေဆင်နှာမောင်းများ ထပ်မံတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါလေဆင်နှာမောင်းဟာ တစ်နာရီ ကီလိုမီတာ ၁ဝဝ နှုန်းနဲ့ လေတိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်ခံရမှုကြောင့်အဆောက်အဦးများ ပြိုကျရာကနေ ပိမိခဲ့တဲ့အတွက် သေဆုံးခဲ့သူတွေလည်းရှိနေခဲ့ကြောင်း အမေရိကန် အာဏာပိုင်များကပြောပါတယ်။
zawgyi version
ေလဆင္ႏွာေမာင္းမ်ား ဆက္တိုက္ဝင္ေရာက္တိုက္ခတ္ခဲ့ျခင္းေၾကာင့္ အေမရိကန္ေတာင္ပိုင္းမွာ အနည္းဆုံးလူေပါင္း (၃ဝ)နီးပါးေသဆုံး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂
အေမရိကန္ႏိုင္ငံေတာင္ပိုင္းၿမိဳ႕မ်ားကို ေလဆင္ႏွာေမာင္းမ်ား ဝင္ေရာက္တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူေပါင္း (၂၆)ဦးေသဆုံးခဲ့ၿပီး ေနအိမ္အေဆာက္အဦးအမ်ားအျပား ပ်က္စီးသြားခဲ့ရတယ္လို႔ အေမရိကန္အာဏာပိုင္မ်ားက ေျပာပါတယ္။
အေမရိကန္ေတာင္ပိုင္းရွိ ျပည္နယ္မ်ားကို ေလဆင္ႏွာေမာင္း အႀကိမ္ေရ (၆ဝ)ခန႔္တိုက္ခတ္ခဲ့ျခင္းျဖစ္ၿပီး အိမ္အမ်ားစုက လွ်ပ္စစ္မီး ျပတ္ေတာက္လ်က္ရွိေနေၾကာင္းသိရပါတယ္။ အေမရိကန္ေတာင္ပိုင္းရွိ အာကန္ဆတ္၊ တန္နက္ဆီျပည္နယ္၊ အီလီႏြိဳက္၊ အင္ဒီယာနာ ၊ အလာဘာမာ နဲ႔ မစၥစၥပီျပည္နယ္တို႔အပါအဝင္ေတာင္ပိုင္းရွိ ျပည္နယ္အမ်ားအျပား ေလဆင္ ႏွာေမာင္းတိုက္ခတ္မႈဒဏ္ကို ဆိုး႐ြားစြာခံခဲ့ရေၾကာင္းသိရပါတယ္။ ေလဆင္ႏွာေမာင္းတိုက္ ခတ္မႈမ်ားေၾကာင့္ အပင္မ်ားၿပိဳလဲခဲ့ၿပီး အိမ္ေတြအေပၚ လဲက်ခဲ့ေၾကာင္း ေဒသခံမ်ားကေျပာပါတယ္။
ေဒသခံအမ်ိဳးသမီးတစ္ဦးက "ေလဆင္ႏွာေမာင္းတိုက္ခတ္ခ်ိန္မွာအိမ္ဟာ တုန္လႈပ္သြားသလိုျဖစ္ခဲ့တယ္။ ကြၽန္မဟာ က်ယ္ေလာင္တဲ့အသံႀကီးကိုလည္းၾကားခဲ့ရတယ္။ ေနာက္ပိုင္းမွ ေလဟာ တည္ၿငိမ္သြားတယ္" လို႔ေျပာပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းမွာ တိုက္ခတ္ခဲ့တဲ့ ေလဆင္ႏွာေမာင္းေၾကာင့္ အေမရိကန္ေတာင္ပိုင္းရွိျပည္နယ္အခ်ိဳ႕မွာ အေရးေပၚအေျခအေနမ်ား ထုတ္ျပန္ထားၿပီး အာကန္ဆတ္ျပည္နယ္မွာအေရးေပၚအေျခေနေၾကညာထားေၾကာင္းသိရပါတယ္။ မစၥစၥပီျပည္နယ္မွာ အနည္းဆုံး လူေပါင္း (၂၆)ဦးေသဆုံးေစခဲ့တဲ့ ေလဆင္ႏွာေမာင္းတိုက္ခတ္ခဲ့ၿပီးေနာက္ သီတင္းပတ္တစ္ပတ္ေက်ာ္ၾကာခ်ိန္မွာ ေလဆင္ႏွာေမာင္းမ်ား ထပ္မံတိုက္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ အဆိုပါေလဆင္ႏွာေမာင္းဟာ တစ္နာရီ ကီလိုမီတာ ၁ဝဝ ႏႈန္းနဲ႔ ေလတိုက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ေလဆင္ႏွာေမာင္းတိုက္ခတ္ခံရမႈေၾကာင့္အေဆာက္အဦးမ်ား ၿပိဳက်ရာကေန ပိမိခဲ့တဲ့အတြက္ ေသဆုံးခဲ့သူေတြလည္းရွိေနခဲ့ေၾကာင္း အေမရိကန္ အာဏာပိုင္မ်ားကေျပာပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကန့်ဘလူမြို့နယ်တွင် ကျေးရွာအတွင်း မီးရှို့ခံရမှုကြောင့် အရပ်သား (၉)ဦးသေဆုံးပြီး နေအိမ်(၇ဝ)ထက်မနည်းမီးလောင်ပျက်စီး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ