ကန့်ဘလူမြို့နယ်တွင် ကျေးရွာအတွင်း မီးရှို့ခံရမှုကြောင့် အရပ်သား (၉)ဦးသေဆုံးပြီး နေအိမ်(၇ဝ)ထက်မနည်းမီးလောင်ပျက်စီး
Pearl (NP News) - ဧပြီ ၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးခံရမှုကြောင့် အရပ်သား (၉)ဦးသေဆုံးပြီး နေအိမ်(၇ဝ) ထက်မနည်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၃ဝ ရက်၊ ည ၁ဝ နာရီ အချိန်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအတွင်းသို့ PDF များမှ ကျေးရွာ၏ အနောက်တောင်ဘက်မှ ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ ပြုလုပ်မှုများကြောင့် အရပ်သားပြည်သူ ၉ ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာနှင့် မီး လောင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး နေအိမ် အလုံး(၇ဝ)နှင့် နွားတင်းကုပ် (၃၁) လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
zawgyi version
ကန႔္ဘလူၿမိဳ႕နယ္တြင္ ေက်း႐ြာအတြင္း မီးရႈိ႕ခံရမႈေၾကာင့္ အရပ္သား (၉)ဦးေသဆုံးၿပီး ေနအိမ္(၇ဝ)ထက္မနည္းမီးေလာင္ပ်က္စီး
Pearl (NP News) - ဧၿပီ ၂
စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္တြင္ ေက်း႐ြာအတြင္း မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ အရပ္သား (၉)ဦးေသဆုံးၿပီး ေနအိမ္(၇ဝ) ထက္မနည္း မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစကထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ ၃ဝ ရက္၊ ည ၁ဝ နာရီ အခ်ိန္ခန႔္တြင္ ကန႔္ဘလူၿမိဳ႕နယ္၊ ေပါက္ကုန္းေက်း႐ြာတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေက်း႐ြာအတြင္းသို႔ PDF မ်ားမွ ေက်း႐ြာ၏ အေနာက္ေတာင္ဘက္မွ ဝင္ေရာက္၍ ေသနတ္ျဖင့္ပစ္ခတ္ကာ ေနအိမ္မ်ားအား မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း နစကမွ ဆိုသည္။
ထိုသို႔ ျပဳလုပ္မႈမ်ားေၾကာင့္ အရပ္သားျပည္သူ ၉ ဦးတို႔တြင္ က်ည္ထိမွန္ဒဏ္ရာႏွင့္ မီး ေလာင္ဒဏ္ရာမ်ားရရွိကာ ေသဆုံးခဲ့ၿပီး ေနအိမ္ အလုံး(၇ဝ)ႏွင့္ ႏြားတင္းကုပ္ (၃၁) လုံးတို႔ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်နိုင်ငံသားသုံးဦးကို တာလီဘန်အဖွဲ့ ဖမ်းဆီးထားဟု ဗြိတိန်အခြေစိုက် လူမှုရေးအဖွဲ့ဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း