ဗြိတိန်နိုင်ငံသားသုံးဦးကို တာလီဘန်အဖွဲ့ ဖမ်းဆီးထားဟု ဗြိတိန်အခြေစိုက် လူမှုရေးအဖွဲ့ဆို
ဂျန်ဇက် (NP News) - ဧပြီ ၂
အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်လျက်ရှိနေတဲ့ တာလီဘန်အဖွဲ့ဟာ ဗြိတိန်နိုင်ငံသား သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ဗြိတိန်အခြေစိုက် လူမှုရေးအဖွဲ့အစည်းဖြစ်တဲ့ Presidium Network ကပြောပါတယ်။
အဆိုပါအဖွဲ့က "ဖမ်းဆီးခံထားရသူတွေရဲ့မိသားစုဝင်များနဲ့အတူ အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဗြိတိန်နိုင်ငံသားတွေနဲ့ဆက်သွယ်ဖို့ လုပ်ဆောင်နေတယ်။ လိုအပ်တဲ့ကူညီထောက်ပံ့ပေးမှုတွေလုပ်သွားမှာပါ။ ဖမ်းဆီးခံထားရတဲ့ ဗြိတိန်နိုင်ငံသားတွေဟာ ကျန်းမာရေးကောင်းမွန်နေသလိုကောင်း ကောင်းမွန်မွန် ဆက်ဆံခံထားရပါတယ်။ ညှင်းပန်းနှိပ်စက်ခံရတာမျိုး မတွေ့ရသေးဘူး" လို့ပြောပါတယ်။
ဖမ်းဆီးခံထားရသူ ဗြိတိန်နိုင်ငံသားသုံးဦးအနက် နှစ်ဦးက ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းကဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း၊ ကျန်တစ်ဦးကိုတော့ ဘယ်အချိန်ဘယ်လောက်က ဖမ်းဆီးထားတယ်ဆိုတာကို မသိသေးကြောင်း ဗြိတိန်အခြေစိုက် Presidium Network ကပြောပါတယ်။ တာလီဘန်အဖွဲ့အနေနဲ့ အဆိုပါ ဗြိတိန်နိုင်ငံသားသုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း၊ နားလည်မှုလွဲမှားပြီးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Presidium Network ကဖော်ပြပါတယ်။
ဖမ်းဆီးခံထားရသော ဗြိတိန်နိုင်ငံသားနှစ်ဦးအနက် တစ်ဦးရဲ့အခြေအနေကတော့အသေးစိတ်မသိရပေမယ့်လည်း နှစ်ဦးကတော့ အသက် ၅၃ နှစ်အရွယ်ရှိ ကီဗင်ကွန်ဝဲလ် နဲ့ YouTube စတားတစ်ဦးဖြစ်တဲ့ Miles Routledge ဆိုသူတို့ဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေကဖော်ပြထားပါတယ်။ တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ နိုင်ငံကို အုပ်ချုပ်နေခြင်းဖြစ်ရာ အမျိုးသမီးများနဲ့ပတ်သက်ပြီးတင်းကြပ်တဲ့ စည်းကမ်းများထုတ်ပြန်ခဲ့ရာ ဝေဖန်ပြစ်တင်ခံနေရပါတယ်။
zawgyi version
ၿဗိတိန္ႏိုင္ငံသားသုံးဦးကို တာလီဘန္အဖြဲ႕ ဖမ္းဆီးထားဟု ၿဗိတိန္အေျခစိုက္ လူမႈေရးအဖြဲ႕ဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၂
အာဖဂန္နစၥတန္ႏိုင္ငံကို အုပ္ခ်ဳပ္လ်က္ရွိေနတဲ့ တာလီဘန္အဖြဲ႕ဟာ ၿဗိတိန္ႏိုင္ငံသား သုံးဦးကို ဖမ္းဆီးခဲ့ေၾကာင္း ၿဗိတိန္အေျခစိုက္ လူမႈေရးအဖြဲ႕အစည္းျဖစ္တဲ့ Presidium Network ကေျပာပါတယ္။
အဆိုပါအဖြဲ႕က "ဖမ္းဆီးခံထားရသူေတြရဲ႕မိသားစုဝင္မ်ားနဲ႔အတူ အေျခအေနကိုအနီးကပ္ေစာင့္ၾကည့္ေနပါတယ္။ အာဖဂန္နစၥတန္ႏိုင္ငံမွာ ထိန္းသိမ္းခံထားရတဲ့ ၿဗိတိန္ႏိုင္ငံသားေတြနဲ႔ဆက္သြယ္ဖို႔ လုပ္ေဆာင္ေနတယ္။ လိုအပ္တဲ့ကူညီေထာက္ပံ့ေပးမႈေတြလုပ္သြားမွာပါ။ ဖမ္းဆီးခံထားရတဲ့ ၿဗိတိန္ႏိုင္ငံသားေတြဟာ က်န္းမာေရးေကာင္းမြန္ေနသလိုေကာင္း ေကာင္းမြန္မြန္ ဆက္ဆံခံထားရပါတယ္။ ညႇင္းပန္းႏွိပ္စက္ခံရတာမ်ိဳး မေတြ႕ရေသးဘူး" လို႔ေျပာပါတယ္။
ဖမ္းဆီးခံထားရသူ ၿဗိတိန္ႏိုင္ငံသားသုံးဦးအနက္ ႏွစ္ဦးက ၿပီးခဲ့တဲ့ဇန္နဝါရီလကတည္းကဖမ္းဆီးခံထားရျခင္းျဖစ္ေၾကာင္း၊ က်န္တစ္ဦးကိုေတာ့ ဘယ္အခ်ိန္ဘယ္ေလာက္က ဖမ္းဆီးထားတယ္ဆိုတာကို မသိေသးေၾကာင္း ၿဗိတိန္အေျခစိုက္ Presidium Network ကေျပာပါတယ္။ တာလီဘန္အဖြဲ႕အေနနဲ႔ အဆိုပါ ၿဗိတိန္ႏိုင္ငံသားသုံးဦးကို အျမန္ဆုံးျပန္လႊတ္ေပးေစလိုေၾကာင္း၊ နားလည္မႈလြဲမွားၿပီးဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း ၿဗိတိန္အေျခစိုက္ Presidium Network ကေဖာ္ျပပါတယ္။
ဖမ္းဆီးခံထားရေသာ ၿဗိတိန္ႏိုင္ငံသားႏွစ္ဦးအနက္ တစ္ဦးရဲ႕အေျခအေနကေတာ့အေသးစိတ္မသိရေပမယ့္လည္း ႏွစ္ဦးကေတာ့ အသက္ ၅၃ ႏွစ္အ႐ြယ္ရွိ ကီဗင္ကြန္ဝဲလ္ နဲ႔ YouTube စတားတစ္ဦးျဖစ္တဲ့ Miles Routledge ဆိုသူတို႔ျဖစ္ေၾကာင္း ၿဗိတိန္မီဒီယာေတြကေဖာ္ျပထားပါတယ္။ တာလီဘန္အဖြဲ႕ဟာ အာဖဂန္နစၥတန္ႏိုင္ငံကို ျပန္လည္သိမ္းပိုက္ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ ႏိုင္ငံကို အုပ္ခ်ဳပ္ေနျခင္းျဖစ္ရာ အမ်ိဳးသမီးမ်ားနဲ႔ပတ္သက္ၿပီးတင္းၾကပ္တဲ့ စည္းကမ္းမ်ားထုတ္ျပန္ခဲ့ရာ ေဝဖန္ျပစ္တင္ခံေနရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆားလင်းကြီးမြို့နယ်၌ သတ္ထုတွင်းတာဝန်ခံရုံးမှ လက်ထောက်မန်နေဂျာအပါအဝင်(၃)ဦးအား PDF များမှ ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း