ဆားလင်းကြီးမြို့နယ်၌ သတ္ထုတွင်းတာဝန်ခံရုံးမှ လက်ထောက်မန်နေဂျာအပါအဝင်(၃)ဦးအား PDF များမှ ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွား
NP News - ဧပြီ ၂
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် သတ္ထုတွင်းတာဝန်ခံရုံးမှ လက်ထောက်မန်နေဂျာအပါအဝင်(၃)ဦးအား PDF များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်မှ NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၃၁ ရက်၊ ညနေပိုင်းတွင် ဆားလင်းကြီးမြို့နယ်၊ ပုသိမ် - မုံရွာလမ်း၊ ရွာသာရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်း အမှတ် ၁ သတ္ထုတွင်းတာဝန်ခံရုံးမှလက်ထောက်မန်နေဂျာ ဦးကျော်စိန်ဝင်းအပါအဝင်(၃)ဦးသည် ဆားလင်းကြီးမြို့နယ်ရှိ ပင်စင်သမားများအား ပင်စင်ငွေ သွားရောက်ထုတ်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ငွေထုတ်ပေးခဲ့ပြီးနောက် ညနေပိုင်းတွင် ၎င်းတို့ (၃)ဦးသည် ဆားလင်းကြီးမြို့မှ မုံရွာသို့ ထွက်ခွာလာခဲ့ကြောင်း သိရသည်။
ထို့သို့ ထွက်ခွာလာစဉ် ၎င်းတို့အား PDF များမှ ရွာသာရွာအနီးရှိ ထန်းတောကြီးရွာအနောက်မြောက်ဘက် သကြားစက်၊ ရွှေစုရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရကြောင်း ၎င်းမှဆိုသည်။
ထို့နောက် ယမန်နေ့ (ဧပြီလ ၁ ရက်)တွင် ၎င်းတို့ (၃)ဦးအား ယင်းမာပင်ခရိုင် PDF တပ်ရင်းသို့ ဆက်လက်ပို့ဆောင်ထားကြောင်း သိရသည်ဟု ၎င်းမှဆိုသည်။
zawgyi version
NP News - ဧပြီ ၂
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်ချေးငွေ ယန်း(၃၁)ဘီလျံဖြင့် ဆောင်ရွက်နေသည့် ပဲခူးမြစ်ကူး သန်လျင်တံတား (အမှတ် ၃) စီမံကိန်းတည်ဆောက်မှု (၇၅)ရာခိုင်နှုန်းကျော်ပြီးစီး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း