ဂျပန်ချေးငွေ ယန်း(၃၁)ဘီလျံဖြင့် ဆောင်ရွက်နေသည့် ပဲခူးမြစ်ကူး သန်လျင်တံတား (အမှတ် ၃) စီမံကိန်းတည်ဆောက်မှု (၇၅)ရာခိုင်နှုန်းကျော်ပြီးစီး
စော (NP News) - ဧပြီ ၂
ပဲခူးမြစ်ကူး သန်လျင်တံတား(အမှတ် ၃)ကို ဂျပန်ချေးငွေ ယန်း (၃၁)ဘီလျံဖြင့် တည် ဆောက်နေကြောင်း တံတားဦးစီးဌာနမှသိရသည်။
လက်ရှိတွင် တည်ဆောက်ရေးစီမံကိန်းသည် (၇၅ ဒသမ ၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး တည်ဆောက်ခြင်းလုပ်ငန်းများကို ၂ဝ၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ပြီးစီးရန်လျာထားကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို ကုန်စည်စီးဆင်းမှုတွင် အဓိကအရေးပါသည့် ရန်ကုန် သန်လျင်-သီလဝါ အထူးစီးပွားရေးဇုန်ကို လွယ်ကူစွာဆက်သွယ်သွားလာနိုင်စေရေးအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တံတားတည်ဆောက်ရေးစီမံကိန်းအတွက် JICA က သက်သာသော အတိုးနှုန်း ODA ချေး ငွေ ဂျပန်ယန်း(၃၁)ဘီလျံဖြင့်တည်ဆောက်နေပြီး ပြန်ဆပ်ကာလကို နှစ်(၄ဝ) သတ်မှတ် ထားကြောင်း သိရသည်။
တံတားသည် အရှည် (၈၆၃၈ ဒသမ ၈၆)ပေရှိပြီး အပိုင်းသုံးပိုင်းခွဲ၍ တည်ဆောက်နေခြင်းဖြစ်သည်။
ထို့ပြင် တံတားအမျိုးအစားသည် သံကူကွန်ကရစ်သံမဏိကြိုးဆိုင်းဖြစ်၍ ဂျပန်နည်းပညာဖြင့် ဂျပန်အတိုင်ပင်ခံ အင်ဂျင်နီယာများနှင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားတည်ဆောက်ပြီးစီးပါက သန်လျင်မြို့နယ်အတွင်းရှိ စီးပွားရေးဇုန်၊ ခရမ်းနှင့်သုံးခွမြို့နယ်တို့အပါအဝင် ပဲခူးတိုင်းသို့ လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
zawgyi version
ဂ်ပန္ေခ်းေငြ ယန္း(၃၁)ဘီလ်ံျဖင့္ ေဆာင္႐ြက္ေနသည့္ ပဲခူးျမစ္ကူး သန္လ်င္တံတား (အမွတ္ ၃) စီမံကိန္းတည္ေဆာက္မႈ (၇၅)ရာခိုင္ႏႈန္းေက်ာ္ၿပီးစီး
ေစာ (NP News) - ဧၿပီ ၂
ပဲခူးျမစ္ကူး သန္လ်င္တံတား(အမွတ္ ၃)ကို ဂ်ပန္ေခ်းေငြ ယန္း (၃၁)ဘီလ်ံျဖင့္ တည္ ေဆာက္ေနေၾကာင္း တံတားဦးစီးဌာနမွသိရသည္။
လက္ရွိတြင္ တည္ေဆာက္ေရးစီမံကိန္းသည္ (၇၅ ဒသမ ၅)ရာခိုင္ႏႈန္း ေဆာင္႐ြက္ၿပီးစီးၿပီျဖစ္ၿပီး တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို ၂ဝ၂၄ ခုႏွစ္၊ ႏွစ္လယ္ပိုင္းတြင္ ၿပီးစီးရန္လ်ာထားေၾကာင္း သိရသည္။
အဆိုပါ စီမံကိန္းကို ကုန္စည္စီးဆင္းမႈတြင္ အဓိကအေရးပါသည့္ ရန္ကုန္ သန္လ်င္-သီလဝါ အထူးစီးပြားေရးဇုန္ကို လြယ္ကူစြာဆက္သြယ္သြားလာႏိုင္ေစေရးအတြက္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
တံတားတည္ေဆာက္ေရးစီမံကိန္းအတြက္ JICA က သက္သာေသာ အတိုးႏႈန္း ODA ေခ်း ေငြ ဂ်ပန္ယန္း(၃၁)ဘီလ်ံျဖင့္တည္ေဆာက္ေနၿပီး ျပန္ဆပ္ကာလကို ႏွစ္(၄ဝ) သတ္မွတ္ ထားေၾကာင္း သိရသည္။
တံတားသည္ အရွည္ (၈၆၃၈ ဒသမ ၈၆)ေပရွိၿပီး အပိုင္းသုံးပိုင္းခြဲ၍ တည္ေဆာက္ေနျခင္းျဖစ္သည္။
ထို႔ျပင္ တံတားအမ်ိဳးအစားသည္ သံကူကြန္ကရစ္သံမဏိႀကိဳးဆိုင္းျဖစ္၍ ဂ်ပန္နည္းပညာျဖင့္ ဂ်ပန္အတိုင္ပင္ခံ အင္ဂ်င္နီယာမ်ားႏွင့္ တည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ တံတားတည္ေဆာက္ၿပီးစီးပါက သန္လ်င္ၿမိဳ႕နယ္အတြင္းရွိ စီးပြားေရးဇုန္၊ ခရမ္းႏွင့္သုံးခြၿမိဳ႕နယ္တို႔အပါအဝင္ ပဲခူးတိုင္းသို႔ လြယ္ကူစြာသြားလာႏိုင္မည္ျဖစ္ေၾကာင္း တံတားဦးစီးဌာနမွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုဒုံမြို့ နှင့် ကျောက်မဲမြို့တို့တွင် ယာဥ်တိမ်းမှောက်မှုကြောင့် အမျိုးသား(၂)ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း