Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မုဒုံမြို့ နှင့် ကျောက်မဲမြို့တို့တွင် ယာဥ်တိမ်းမှောက်မှုကြောင့် အမျိုးသား(၂)ဦး ပွဲချင်းပြီးသေဆုံး

စော (NP News) - ဧပြီ ၂


မွန်ပြည်နယ်၊ မုဒုံမြို့တွင် ကား Slip ဖြစ်၍ တိမ်းမှောက်ရာ အမျိုးသားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၂ ရက်)၊ နံနက်(၅)နာရီခွဲဝန်းကျင်အချိန်တွင် မုဒုံမြို့မော်-သံလမ်း သံတံတားအနီး Lemon လက်ဘက်ရည်ဆိုင်အရှေ့တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မုဒုံမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။


“ကားက Slip ဖြစ်ပြီးမှောက်တယ်ပြောတယ်။ အသက်ကတော့ သူနဲ့ပါလာတဲ့လူတွေက မပြောတော့ကျွန်တော်လည်းမသိဘူး။ သုံးယောက်လောက်တော့ပါမယ်ထင်တယ်။ အလုပ်သွားကြတယ်လို့ကြားတယ်”ဟု မုဒုံမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံ မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။


ယာဥ်တိမ်းမှောက်မှုကြောင့် အဆိုပါအမျိုးသားသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ၎င်း၏ရုပ်အလောင်းကို မုဒုံပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မုဒုံမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှဆိုသည်။


အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင်လည်း ပေ(၁ဝဝ)အနက်ရှိသော ချောက်ထဲသို့ကားတိမ်းမှောက်ခဲ့ကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း အိုမ်တမာဝ်းလူမှုကူညီရေးအသင်းမှ သိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၁ ရက်)၊ နေ့လည် ၂နာရီခွဲအချိန် ကျောက်မဲမြို့၊ မိုင်းငေါ့နှင့် ကျောက်မဲသွားလမ်း မိုင်တိုင်(၁၉)မိုင် မန့်နားကျေးရွာဆိုင်ဘုတ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


“ဘယ်လိုမှောက်လဲတော့မသိဘူး မနေ့က (၂)နာရီလောက်ဖုန်းဝင်လာတယ်။ အဲဒီမှာကားမှောက်တယ်။ တစ်ယောက်ကတော့ ပွဲချင်းပြီး သေတယ်လို့ကြားတယ်။ အသက်ကတော့ (၂ဝ)ဝန်းကျင်တော့ရှိတယ်။ ကားကျတဲ့ချောက်ကတော့ ပေ(၁ဝဝ)လောက်ရှိမယ်”ဟု အိုမ်တမာဝ်းလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။


အဆိုပါအမျိုးသားသည် မိုင်းဆာအောင်ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ကျောက်မဲဆေးရုံသို့ ‌ပို့ဆောင်ပေးခဲ့ကြောင်း အိုမ်တမာဝ်းလူမှုကူညီရေးအသင်းမှသိရသည်။

zawgyi version

မုဒုံၿမိဳ႕ ႏွင့္ ေက်ာက္မဲၿမိဳ႕တို႔တြင္ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အမ်ိဳးသား(၂)ဦး ပြဲခ်င္းၿပီးေသဆုံး


ေစာ (NP News) - ဧၿပီ ၂


မြန္ျပည္နယ္၊ မုဒုံၿမိဳ႕တြင္ ကား Slip ျဖစ္၍ တိမ္းေမွာက္ရာ အမ်ိဳးသားတစ္ဦး အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားေၾကာင္း သတင္းရရွိသည္။


ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၂ ရက္)၊ နံနက္(၅)နာရီခြဲဝန္းက်င္အခ်ိန္တြင္ မုဒုံၿမိဳ႕ေမာ္-သံလမ္း သံတံတားအနီး Lemon လက္ဘက္ရည္ဆိုင္အေရွ႕တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း မုဒုံၿမိဳ႕အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ သိရသည္။


“ကားက Slip ျဖစ္ၿပီးေမွာက္တယ္ေျပာတယ္။ အသက္ကေတာ့ သူနဲ႔ပါလာတဲ့လူေတြက မေျပာေတာ့ကြၽန္ေတာ္လည္းမသိဘူး။ သုံးေယာက္ေလာက္ေတာ့ပါမယ္ထင္တယ္။ အလုပ္သြားၾကတယ္လို႔ၾကားတယ္”ဟု မုဒုံၿမိဳ႕အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံ မွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။


ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အဆိုပါအမ်ိဳးသားသည္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးခဲ့ၿပီး ၎၏႐ုပ္အေလာင္းကို မုဒုံျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း မုဒုံၿမိဳ႕အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွဆိုသည္။


အလားတူ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕တြင္လည္း ေပ(၁ဝဝ)အနက္ရွိေသာ ေခ်ာက္ထဲသို႔ကားတိမ္းေမွာက္ခဲ့ကာ အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ေၾကာင္း အိုမ္တမာဝ္းလူမႈကူညီေရးအသင္းမွ သိရသည္။


ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၁ ရက္)၊ ေန႔လည္ ၂နာရီခြဲအခ်ိန္ ေက်ာက္မဲၿမိဳ႕၊ မိုင္းေငါ့ႏွင့္ ေက်ာက္မဲသြားလမ္း မိုင္တိုင္(၁၉)မိုင္ မန႔္နားေက်း႐ြာဆိုင္ဘုတ္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။


“ဘယ္လိုေမွာက္လဲေတာ့မသိဘူး မေန႔က (၂)နာရီေလာက္ဖုန္းဝင္လာတယ္။ အဲဒီမွာကားေမွာက္တယ္။ တစ္ေယာက္ကေတာ့ ပြဲခ်င္းၿပီး ေသတယ္လို႔ၾကားတယ္။ အသက္ကေတာ့ (၂ဝ)ဝန္းက်င္ေတာ့ရွိတယ္။ ကားက်တဲ့ေခ်ာက္ကေတာ့ ေပ(၁ဝဝ)ေလာက္ရွိမယ္”ဟု အိုမ္တမာဝ္းလူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။


အဆိုပါအမ်ိဳးသားသည္ မိုင္းဆာေအာင္ျဖစ္ၿပီး အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးခဲ့ၿပီး ေက်ာက္မဲေဆး႐ုံသို႔ ‌ပို႔ေဆာင္ေပးခဲ့ေၾကာင္း အိုမ္တမာဝ္းလူမႈကူညီေရးအသင္းမွသိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်ရေးကို အမြဲပံ့ပိုးကူညီသွားမည်ဟု တရုတ်သံမှူးအသိပေး

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved