တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်ရေးကို အမြဲပံ့ပိုးကူညီသွားမည်ဟု တရုတ်သံမှူးအသိပေး
ယွန်း (NP News) - ဧပြီ ၂
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်ရေးကို တရုတ်နိုင်ငံအနေဖြင့် အမြဲပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း တရုတ်သံမှူး Dr. Zheng Zhihong က အသိပေးပြောဆိုထားသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံမှူး Dr. Zheng Zhihong က ပြီးခဲ့သည့် မတ်လ(၃ဝ)ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှကျင်းပသည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း “ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနစီမံကိန်း” အခမ်း အနားတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
လန်ချန်း-မဲခေါင်စီမံကိန်းမှ “ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနစီမံကိန်း”သည် မြန်မာ နိုင်ငံအတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအချက်အလက်များ ရရှိအောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါစီမံကိန်းသည် ခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် အဆင့်အတန်းကို ထိရောက်စွာမြှင့်တင်ပေးကြောင်း သိရသည်။
ထို့ကြောင့် ရေရှည်တွင် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသုတေသနနှင့် ခေတ်မီသော ခရီးသွားလုပ်ငန်းစနစ် တည်ဆောက်ရေးအတွက် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း Dr. Zheng Zhihong မှ ဆိုသည်။
အလားတူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်ရေးကို အမြဲပံ့ပိုးကူညီသွားမည်ဖြစ်ပြီး တရုတ်- မြန်မာ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုထားသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနစင်တာ တည်ဆောက်ရေးကိုလည်း တရုတ်နိုင်ငံအနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး တရုတ်-မြန်မာနှင့် လန်ချန်း-မဲခေါင် နိုင်ငံများကြားတွင် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
zawgyi version
တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ခရီးသြားလုပ္ငန္းတိုးတက္ေရးကို အၿမဲပံ့ပိုးကူညီသြားမည္ဟု တ႐ုတ္သံမႉးအသိေပး
ယြန္း (NP News) - ဧၿပီ ၂
ျမန္မာႏိုင္ငံ၏ ခရီးသြားလုပ္ငန္းတိုးတက္ေရးကို တ႐ုတ္ႏိုင္ငံအေနျဖင့္ အၿမဲပံ့ပိုးကူညီသြားမည္ျဖစ္ေၾကာင္း တ႐ုတ္သံမႉး Dr. Zheng Zhihong က အသိေပးေျပာဆိုထားသည္။
ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး သံမႉး Dr. Zheng Zhihong က ၿပီးခဲ့သည့္ မတ္လ(၃ဝ)ရက္တြင္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနမွက်င္းပသည့္ လန္ခ်န္း-မဲေခါင္ပူးေပါင္းေဆာင္႐ြက္မႈ အထူးရန္ပုံေငြစီမံကိန္း “ခရီးသြားလုပ္ငန္းဆိုင္ရာ သုေတသနစီမံကိန္း” အခမ္း အနားတြင္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
လန္ခ်န္း-မဲေခါင္စီမံကိန္းမွ “ခရီးသြားလုပ္ငန္းဆိုင္ရာ သုေတသနစီမံကိန္း”သည္ ျမန္မာ ႏိုင္ငံအတြက္ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ အေျခခံအခ်က္အလက္မ်ား ရရွိေအာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါစီမံကိန္းသည္ ခရီးသြားလုပ္ငန္း လူ႔စြမ္းအားအရင္းအျမစ္ အဆင့္အတန္းကို ထိေရာက္စြာျမႇင့္တင္ေပးေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေရရွည္တြင္ ျမန္မာ့ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးသုေတသနႏွင့္ ေခတ္မီေသာ ခရီးသြားလုပ္ငန္းစနစ္ တည္ေဆာက္ေရးအတြက္ ဆက္လက္ကူညီေပးသြားမည္ျဖစ္ေၾကာင္း Dr. Zheng Zhihong မွ ဆိုသည္။
အလားတူ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ ခရီးသြားလုပ္ငန္းတိုးတက္ေရးကို အၿမဲပံ့ပိုးကူညီသြားမည္ျဖစ္ၿပီး တ႐ုတ္- ျမန္မာ ခရီးသြားလုပ္ငန္းဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ျမႇင့္တင္ႏိုင္ရန္ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ၎မွဆက္လက္ေျပာဆိုထားသည္။
ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းဆိုင္ရာ သုေတသနစင္တာ တည္ေဆာက္ေရးကိုလည္း တ႐ုတ္ႏိုင္ငံအေနျဖင့္ တြန္းအားေပးေဆာင္႐ြက္လ်က္ရွိၿပီး တ႐ုတ္-ျမန္မာႏွင့္ လန္ခ်န္း-မဲေခါင္ ႏိုင္ငံမ်ားၾကားတြင္ ခရီးသြားလုပ္ငန္း ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ႏိုင္ရန္ အေထာက္အကူျပဳႏိုင္မည္ျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယ်စပ်မှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများကို တနိုင်တပိုင်စီးပွားရေး လုပ်ကိုင်နိုင်သည့် ထောက်ပံ့မှုများပေးနိုင်ရန် စီစဉ်နေ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း