ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှာလူပေါင်း (၁)သန်းနီးပါး ဘေးလွတ်ရာကိုရွှေ့ပြောင်း
ဂျန်ဇက် (NSS) - မေ ၂၇
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း (၁)သန်းနီးပါးဘေးလွှတ်ရာကို ရွှေ့ပြောင်းခဲ့ရကြောင်းသိရပါတယ်။ ဆိုင်ကလုန်း ရီမယ်လ်ဟာ မေလ ၂၆ ရက်နေ့မှာ ဘင်္ဂလားဒေရှ့်နိုင်ငံ မြေနိမ့်ပိုင်းအရပ်ဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အာဏာပိုင်တွေဟာ လူပေါင်း(၈)သိန်းကျော်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါမုန်တိုင်းဟာ ဘင်္ဂလားဒေရှ့်နိုင်ငံ Khepupara ဒေသကမ်းရိုးတန်းကိုဖြတ်သန်းဝင်ရောက်ခဲ့ပြီး တစ်နာရီကို လေတိုက်နှုန်း ၁၂၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေရှ့် ဘေးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက မုန်တိုင်းနဲ့ပတ်သက်ပြီး အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားပြီး မုန်တိုင်းဖြတ်သန်းမယ့်လမ်းကြောင်းတစ်လျှောက်ရှိဒေသခံတွေကို ဘေးမကင်းတဲ့နေရာတွေ၊ အိမ်တွေကနေ အမြန်ဆုံးရွှေ့ပြောင်းဖို့ တောင်းဆိုထားပါတယ်။ ဘင်္ဂလားဒေရှ့်အစိုးရဟာ မုန်တိုင်းနဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးစင်တာတွေ၊ ယာယီနားခိုရာစခန်းတွေ ထောင်နဲ့ချီတည်ဆောက်ထားပြီးကယ်ဆယ်ရေးသမား တစ်သောင်းနီးပါးကို အဆင့်သင့်လုပ်ဆောင်ကာ ကယ်ဆယ်ပေးနေကြောင်းသိရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံဟာ မုန်တိုင်းဒဏ် မကြာခဏခံစားခဲ့ရပြီး ပြီးခဲ့တဲ့ (၁၀) စုနှစ်အတွင်း မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း ထောင်ချီသေဆုံးခဲ့ကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့နှစ်မေလကလည်း မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း (၃)ထောင်ကျော်သေဆုံးခဲ့ပြီး အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး ထိခိုက်နစ်နာပျက်စီးခဲ့ရကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့် (၆)နှစ်အတွင်း လျှပ်စစ်ရာနှုန်းပြည့်သုံးစွဲခွင့်ရစေရန်ကြိုးစားနေကြောင်း လျှပ်စစ်ဝန်ကြီးအသိပေး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း