ကြီးမားတဲ့မြေပြိုမှုကြောင့် ပါပူဝါဂီနီ နယူးဂီနီနိုင်ငံမှာသေဆုံးသူအရေအတွက်မြင့်တက်ဖွယ်ရှိနေပြီး လူထောင်ချီ ပျောက်ဆုံးနေ
ဂျန်ဇက် (NSS) - မေ ၂၅
ပါပူဝါဂီနီ နယူးဂီနီနိုင်ငံမှာ မေလ ၂၄ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မြေပြိုမှုများကြောင့်သေဆုံးသူအရေအတွက် မြင့်တက်လာဖွယ်ရှိနေသလို လူပေါင်း ၃၀၀၀ ကျော် ပျောက်ဆုံးဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။
ပါပူဝါဂီနီ နယူးဂီနီနိုင်ငံ မြောက်ပိုင်းမှာ ရုတ်တရက်မြေပြိုမှုများဖြစ်လာခဲ့ပြီးနောက် တောတောင်ဒေသတစ်လျှောက်ရှိ ကျေးရွာ အနည်းဆုံး ၇ ခုပျက်စီးသွားခဲ့ပြီး ရုပ်သံဖိုင်ထဲမှာကျေးရွာတစ်ရွာလုံး အလုံးစုံပျက်စီးသွားခဲ့ပြီး ကျောက်တုံးများ၊ နွံ့များအောက်သို့ ရောက်ရှီသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါမြေပြိုမှုဖြစ်ပွားချိန်အတွင်း လူအများစု အိပ်ပျော်နေချိန်ဖြစ်တဲ့အတွက် ထွက်ပြေးချိန်မရဘဲ မြေကြီးအောက်ရောက်ရှိသွားခြင်းမျိုးဖြစ်ရာ သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာမှာကို စိုးရိမ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါမြေပြိုမှုတွေဟာ လူများအိပ်ပျော်နေချိန်ဖြစ်တဲ့ မေလ ၂၄ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်မှာဖြစ်ပွားခဲ့ပြီး ပိတ်မိနေသူတွေရဲ့ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေနိုင်ဖို့အခက်ခဲများကြားကနေ ရုန်းကန်နေရဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။
ပါပူဝါဂီနီ ဝန်ကြီးချုပ် ဂျိန်းမာရက်ပီက ၎င်းတို့အစိုးရအဖွဲ့အနေဖြင့် မြေပြိုမှုဖြစ်ပွားတဲ့အရပ်ဒေသကို ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ထားပြီး မြေပြိုမှုကြောင့် သေဆုံး၊ ပျောက်ဆုံးနေသူတွေရဲ့ရုပ်အလောင်းများကို အရှိန်မြင့်ရှာဖွေမှာဖြစ်တယ်လို့ ဆိုပါတယ်။ အန်ဂါမြို့အုပ်ချုပ်ရေးမှူး ပီတာအိုင်တာတက်စ်က "ကြီးမားတဲ့မြေပြိုမှုကြောင့် အိမ်တွေပျက်စီးခဲ့ရတယ်။ ကျေးရွာ ၆ ရွာကထိခိုက်ပျက်စီးရုံသာပျက်စီးခဲ့တယ်။တစ်ရွာကတော့ အလုံးစုံပျက်စီးခဲ့တယ်။"လို့ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့အပူဆုံးမြို့ စာရင်းတွင်ပါဝင်ခဲ့သော မကွေးတိုင်းရှိ ဒေသများတွင် တစ်ရွာလျှင် သစ်ပင် အနည်းဆုံး (၂)ဧကစိုက်ပျိုးရန် တိုက်တွန်း
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း