ယူကရိန်းစစ်ပွဲအတွက် တရုတ်က ရုရှားထံ 'သေစေလောက်သော လက်နက်အကူအညီများ' ပေးပို့ခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး စွပ်စွဲ
ALynn (NSS) - မေ ၂၃
ယူကရိန်းကို တိုက်ခိုက်ရာတွင် အသုံးပြုရန်အတွက် တရုတ်သည် ရုရှားထံ သေစေနိုင်သော လက်နက်အကူအညီများ ပေးပို့နေသည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီး Shapps က ဖော်ပြခဲ့သည်။ Shapps သည် ဗုဒ္ဓဟူးနေ့ (မေလ ၂၂ ရက်) က လန်ဒန်ကာကွယ်ရေးကွန်ဖရင့်တွင် မိန့်ခွန်းပြောရာ၌ “ရုရှား နှင့် တရုတ်တို့သည် ယူကရိန်းတွင် အသုံးပြုရန်အတွက် တိုက်ခိုက်ရေး ကိရိယာများ ပူးပေါင်းလုပ်ဆောင်နေကြောင်းကို ကျွန်ုပ်တို့သက်သေပြနိုင်ပြီဖြစ်ကြောင်း” ပြောကြားခဲ့သည်။
၎င်းက “အမေရိကန်နှင့် ဗြိတိန်ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးများ သည် တရုတ်မှ ရုရှားသို့ အသေအပျောက်များသော လက်နက်အကူအညီများပေးပို့နေပြီဖြစ်ကြောင်း သက်သေပြပြီးဖြစ်သည့်အတွက် နေတိုးအဖွဲ့အနေဖြင့် နိုးနိုးကြားကြားရှိစေရန်နှင့် မဟာမိတ်အဖွဲ့၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲကြရန်”တိုက်တွန်းလိုက်သည်။ Shapps က ၎င်း၏ ပြောဆိုချက်ကို သက်သေပြရန် အထောက်အထားများကိုတော့ မဖော်ပြခဲ့ပါ။ သို့သော် ယူကရိန်းစစ်ပွဲ စတင်ချိန်မှစ၍ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ ၆၄ ရာခိုင်နှုန်းတိုးတက်လာပြီး ၎င်းတို့က အချင်းချင်းကျောထောက်နောက်ခံပြုနေကြကြောင်း ၎င်းက ကိုးကားဖော်ပြခဲ့သည်။
ယူကရိန်းစစ်ပွဲစတင်ချိန်ကတည်းက တရုတ်နှင့် ရုရှား၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှာ ပိုမိုနီးကပ်လာခဲ့ပြီး တရုတ်က ရုရှား၏စစ်ယန္တရားအတွက်လိုအပ်သည့် အစိတ်အပိုင်းများ ဆက်လက်ထောက်ပံ့ပေးနေကြောင်း အမေရိကန်အရာရှိများက ဖော်ပြခဲ့သည်။ တရုတ်က ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ဝယ်ယူအားပေးမှုသည် ရုရှားစီးပွားရေးကို မြှင့်တင်ရန် အထောက်အကူ ဖြစ်စေသည်။ တရုတ်သည် ရုရှားအား လက် နက်များ တိုက်ရိုက်ပေးအပ်ခြင်းမပြုတော့ဘဲ ရပ်ဆိုင်းထားသည်ဟု အမေရိကန်ကယုံကြည်ထားပြီး မြောက်ကိုရီးယားနှင့် အီရန်တို့က ရုရှားအား လက်နက်ထောက်ပံ့ ပေးနေမှုများကို ပြင်းပြင်းထန်ထန်ပိတ်ဆို့အရေးယူခြင်းများဖြင့် တုံ့ပြန်လျက်ရှိသည်။ တရုတ် သမ္မတ ရှီကျင့်ဖျင်သည် ယခုလအစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ပေကျင်းသို့ ဖိတ်ခေါ်ကြိုဆိုခဲ့ပြီး ခေါင်းဆောင်နှစ်ဦးအကြား စည်းလုံးညီညွတ်မှုကို အခိုင်အမာပြသခဲ့သည်။ သမ္မတပူတင်နှင့် ဆွေးနွေးပြီးနောက် စစ်ပွဲကိုဖြေရှင်းရန်အတွက် “နိုင်ငံရေးဖြေရှင်းချက်” လိုအပ်ကြောင်း ရှီက ကြေညာချက်တွင် ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုပေးဖို့ အချိန်ကောင်းမဟုတ်သေးဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ