ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုပေးဖို့ အချိန်ကောင်းမဟုတ်သေးဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြော
Pika (NSS) - မေ ၂၃
ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုပေးဖို့ ပြင်သစ်နိုင်ငံအတွက် အခြေအနေတွေ မပြည့်စုံသေးဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး စတီဖိန်းစီဂျော်နဲက မေလ(၂၂)ရက်မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။
အစ္စရေး-ဟားမက်စစ်ပွဲနဲ့ပတ်သက်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်ဖို့ ရည်ရွယ်တဲ့ နှစ်နိုင်ငံဖြေရှင်းချက်ကို ထောက်ခံတဲ့အနေနဲ့ လာမယ့်မေလ(၂၈)ရက်ကနေ စတင်ပြီး ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုသွားမှာဖြစ်တယ်လို့ နော်ဝေး၊ အိုင်ယာန် နဲ့ စပိန်နိုင်ငံတို့က ထုတ်ပြန်ကြေညာပြီးနောက် စတီဖိန်းစီဂျော်နဲရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
စတီဖိန်းစီဂျော်နဲက “ကျွန်တော်တို့ရဲ့ရပ်တည်ချက်တော့ ရှင်းပါတယ်။ ပြင်သစ်က ပါလက်စတိုင်းကို နိုင်ငံအဖြစ် သတ်မှတ်ပေးဖို့ အချိန်မကောင်း မဟုတ်သေးပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အလားတူ ပြောဆိုချက်တွေကိုပြောဆိုခဲ့တဲ့ ပြင်သစ်သမ္မတမက်ခရွန်ရဲ့ရပ်တည်ချက်ကို စတီဖိန်းစီဂျော်နဲက ယခုလို ထပ်လောင်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။
ယခုလအစောပိုင်းမှာ မက်ခရွန်ဟာ တရုတ်သမ္မတရှီကျင့်ဖျင် နဲ့ ပဲရစ်မြို့မှာတွေ့ဆုံပြီးနောက် လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံတည်ထောင်ဖို့ ပြင်သစ်အစိုးရက တောင်းဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။
၁၉၆၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေတွေကို ပါလက်စတိုင်းနိုင်ငံအဖြစ် တည်ထောင်ဖို့နဲ့ နှစ်နိုင်ငံဖြေရှင်းချက်အစီအစဉ်ကို ကုလသမဂ္ဂနဲ့ အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံအများအပြားက ထောက်ခံထားတယ်လို့လည်း သိရပါတယ်။ ပါလက်စတိုင်းနိုင်ငံ တည်ထောင်မယ့် အစီအစဉ်ကို အကောင်အထည်ဖော်မယ်ဆိုရင် သိမ်းယူထားတဲ့ ပါလက်စတိုင်းနယ်မြေတွေမှာရှိတဲ့ အစ္စရေးရဲ့ အခြေချနေထိုင်မှုတွေကို ဖယ်ရှားဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ပါလက်စတိုင်းနိုင်ငံတည်ထောင်ခွင့်ကို တားဆီးသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက လူသိရှင်ကြား ကတိပြုခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက(၇)ရက်မှာ အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်းကတည်းက ပါလက်စတိုင်းနိုင်ငံတည်ထောင်ဖို့အတွက် တွန်းအားပေးမှုတွေ ပိုမို ပြင်းထန်လာခဲ့တာလို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိုင်ယာလန်၊ စပိန် နဲ့ နော်ဝေးနိုင်ငံတို့ရဲ့သံအမတ်ကြီးတွေကိုခေါ်ယူပြီး အစ္စရေးအစိုးရ သတိပေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း