ထိုင်းဝန်ကြီးချုပ်ကို ရာထူးမှဖယ်ရှားဖို့ တိုင်တန်းချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးလက်ခံစစ်ဆေးမယ်
ဂျန်ဇက် (NSS) - မေ ၂၃
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဟာ ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ကို ရာထူးက ဖယ်ရှားဖို့ တိုက်တွန်းချက်တွေကို စစ်ဆေးပေးဖို့လက်ခံလိုက်ကြောင်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်းဟာ ရှေနေဟောင်းတစ်ဦးကို ဝန်ကြီးရာထူးခန့်အပ်ဖို့စီစဉ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားခဲ့ကာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကတိုင်တန်းခဲ့ခြင်းဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်က ရှေ့နေဟောင်းတစ်ဦးဖြစ်တဲ့ ဖီချစ်ကို ဝန်ကြီးအဖြစ်ခန့်အပ်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ထိုင်းရှေ့နေတစ်ဦးဖြစ်တဲ့ ဖီချစ်ဟာ အဆိုပါကိစ္စဖြစ်လာခဲ့ပြီးနောက်မကြာမီ ရာထူးကနေ နုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ကို စစ်ဆေးမယ့် ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့သီတင်း ပတ်အတွင်း ဝန်ကြီးသုံးဦးအထိ နုတ်ထွက်ခဲ့တဲ့ ထိုင်းအစိုးရအဖွဲ့ကို ထိုးနှက် ချက်များဖြစ်လာဖွယ်ရှိနေပါတယ်။ ထိုင်းအစိုးရကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက စစ်ဆေးမယ့် ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ တုံပြန်ခြင်းမျိုးမရှိသေးကြောင်းသိရပါတယ်။
ဖီချစ်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သလို ဖြူထိုင်းပါတီကို တည်ထောင်တဲ့ သက်ဆင်ရဲ့မိသားစုနဲ့ အလွန်ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးဖြစ်ပြီး ဝန်ကြီးချုပ် ဟောင်းသက်ဆင်နဲ့ ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်းယင်လပ်ရဲ့အမှုတွေကိုလိုက်ပါဆောင်ရွက်ပေးခဲ့ဖူးတဲ့ ရှေ့နေဖြစ်ကြောင်းသိရပါတယ်။ဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့ဟာ (၁)နှစ်နီးပါးအတွင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင် ပြည်တော်ပြန်လာမှုနဲ့ပတ်သက်ပြီး ဝေဖန်မှုမျိုးစုံရင်ဆိုင်ခဲ့ရကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲအတွက် တရုတ်က ရုရှားထံ 'သေစေလောက်သော လက်နက်အကူအညီများ' ပေးပို့ခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး စွပ်စွဲ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ