ရွေးကောက်ပွဲကို ဇူလိုင် ၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ကြေညာ
ALynn (NSS) - မေ ၂၃
ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်က ဇူလိုင် ၄ ရက်တွင် ရွေးကောက်ပွဲ ကျင်းပ သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ လာမည့်ရွေးကောက်ပွဲတွင် ၎င်း၏ ကွန်ဆာဗေးတစ်ပါတီဝင်များသည် အာဏာရပြီးနောက် (၁၄)နှစ်အကြာတွင် အတိုက်အခံလေဘာပါတီကို ရှုံးနိမ့်တော့မည်ဟု မျှော်လင့်နေရသည်။
လနှင့်ချီပြီး ရွေးကောက်ပွဲအသစ်ပြန်လည်ကျင်းပသွားရန် ထင်ကြေးများပေးနေပြီးနောက် မျှော်လင့်ထားသည်ထက် လပေါင်းများစွာစော၍ ရွေး ကောက်ပွဲကျင်းပဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သဘောထားစစ်တမ်းများအရ လေဘာပါတီနှင့် အလှမ်းကွာဝေးနေသော ဆူနက်၏ ပါတီအတွက် အန္တရာယ်များသည့် ဗျူဟာတစ်ခုလည်းဖြစ်နေသည်။ ဝန်ကြီးချုပ်ဆူနက်က “လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ထောက်ခံမဲများရရှိဖို့ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ၎င်းဦးဆောင်သည့် ကွန်ဆာဗေးတစ်အစိုးရကသာ ဗြိတိန်၏ ကျပ်တည်းနေသော စီးပွားရေးအခြေအနေကို ထိန်းကျောင်းပေးနိုင်မည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
၎င်းက “လေဘာပါတီခေါင်းဆောင် Keir Starmer တွင် အထွေအထူးအစီ အစဉ်များမရှိသည့်အတွက် လွယ်လွယ်ဖြင့် အရှုံးပေးထွက်သွားရမည်ဖြစ် ကြောင်းနှင့် ၎င်းတို့ပါတီ၏ အနာဂတ်က သေချာမှုမရှိကြောင်း”ပြောဆိုခဲ့သည်။ လေဘာပါတီအား နိုင်ငံရေးတွင် အရေးပါသော အနေအထားသို့ရောက်အောင် ဆွဲတင်ခဲ့သည့် Starmer က “ပြောင်းလဲမှုကိုသာ အာရုံ စိုက် သည်”ဟူသော စကားတစ်လုံးတည်းဖြင့် တုံ့ပြန်ခဲ့သည်။ သဘောထားစစ်တမ်းများအရ ကွန်ဆာဗေးတစ်ပါတီသည် လေဘာပါတီ နောက်သို့ ရောက်နေရုံသာမက ဝန်ကြီးချုပ်သည်လည်း ပါတီဝင်များနှင့် အစေးမကပ်ဘဲရှိကာ ၎င်း၏အကြံပေးအဖွဲ့အပေါ်တွင်သာ မှီခိုအားထားပြီး ရွေးကောက် ပွဲဝင်ရမည်ဖြစ်သည်။ သို့သော် ဆူနက်သည် သုံးနှစ်နီးပါးကာလအတွင်း ငွေကြေးဖောင်းပွမှု ကျဆင်းခြင်းနှင့် စီးပွားရေးအရှိန်အဟုန်ဖြင့် ကြီးထွား လာခြင်းကဲ့သို့သော စီးပွားရေးအကျိုးအမြတ်အချို့ကို ထောက်ပြပြီး အနာဂတ်အစီအစဉ်သစ်များကို ချပြခြင်းဖြင့် မဲဆွယ်စည်းရုံးဖို့ ဆုံးဖြတ်ထားပုံရသည်။ ကွန်ဆာဗေးတစ်အမတ်များက စီးပွားရေးအခြေအနေက ပိုမိုဆိုးရွားလာနိုင်ကြောင်းနှင့် ယခုအချိန်သည် ရွေးကောက်ပွဲကျင်းပရန် အချိန်မှန်ဖြစ် ကြောင်း ဖော်ပြထားသည်။ အချို့ကလည်း ဆောင်းဦးကာလမှ ရွေး ကောက်ပွဲ ကျင်းပနိုင်သည်ဟု မျှော်လင့်ထားသည့်အတွက် ယခုဆုံးဖြတ်ချက်ကြောင့် တုန်လှုပ်သွားကြသည်။
(၁၄)နှစ်ကြာ စီးပွားရေးကျဆင်းနေခြင်းသည် အစိုးရ၏စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဟု လေဘာပါတီက စွပ်စွဲခဲ့ပြီး စီးပွားရေးတည်ငြိမ်မှုမရှိဖြစ်စေသည့် ဖရိုဖရဲအုပ်ချုပ်မှုများကိုသာ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ဝေဖန်ခဲ့သည်။ အကယ်၍ ကွန်ဆာဗေးတစ်များထက် ၂၀ ရာခိုင်နှုန်းခန့် အသာစီးရနေသည့် လေဘာပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရပါက ၁၈၃၀ ခုနှစ် နောက်ပိုင်း လေဘာပါတီမှ တက်လာသည့် ဝန်ကြီးချုပ်မှာ ခြောက်ဦးအထိ ဖြစ်လာမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ်ကို ရာထူးမှဖယ်ရှားဖို့ တိုင်တန်းချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးလက်ခံစစ်ဆေးမယ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ