တရုတ်နိုင်ငံမှာလည်း ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု တွေ့ရှိလာ
ရောင်နီ (NSS) - မေ ၂ဝ
အမေရိကန်မှာ ကျွဲနွားတွေမှာပါ ကြက်ငှက်တုတ်ကွေး ကူးစက်ဖြစ်ပွားမှုတွေ တွေ့လာရလို့ ကာကွယ်ရေးတွေ အရှိန်မြှင့် လုပ်ဆောင်နေရချိန်မှာ တရုတ်နိုင်ငံ အနောက်ပိုင်းမှာလည်း ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုတွေ့ရှိခဲ့ တယ်လို့ သိရပါတယ်။
တောရိုင်း ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကို မွေးမြူရေးဝန်ကြီးဌာနက စနေနေ့(မေလ ၁၈ ရက်) က အတည်ပြု ပြောကြားခဲ့တာပါ။ ချင်ဟိုင်ပြည်နယ်ရှိ ခရိုင်နှစ်ခုမှာ သေဆုံးနေတဲ့ စင်ရော်နဲ့ အခြား တောရိုင်းငှက်တွေအကြား H5 တုပ်ကွေးရောဂါဖြစ်ပွားမှု ၂၇၅ ခုကို အတည်ပြုခဲ့တယ်လို့ တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ သတိပေးချက်နဲ့အတူ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။
China Animal Disease Control Center မှ ရောဂါဖြစ်ပွားမှုဆိုင်ရာ အစီရင်ခံစာကို လက်ခံရရှိပြီးနောက် အမျိုးသားကြက်ငှက်တုပ်ကွေး ရည်ညွှန်းဓာတ်ခွဲခန်းမှ တွေ့ရှိချက်ကို အတည်ပြုခဲ့ခြင်းဖြစ်တယ်လို့ အဆိုပါ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံမှာတော့ မတ်လ နှောင်းပိုင်းကစ ပြည်နယ်ကိုးခုမှာ နို့စားနွားတွေကြား H5N1 ဖြစ်ပွားမှုတွေ ရှိခဲ့ပြီး လူသားကို ကူးစက်မှုဖြစ်လာနိုင်တဲ့စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်က ကပ်ရောဂါ ဖြစ်ပွားမှုကို တိုက်ဖျက်ဖို့အတွက် အမေရိကန် ဒေါ်လာ သန်း ၂၀၀ နီးပါး သုံးစွဲမယ်လို့ မေလ ၁၁ ရက်က ကြေညာခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကျွမ်းဘား အားကစားမယ် ဒေါက်ဂ်လက်စ် ဘားတန်းမှ ပြုတ်ကျပြီးနောက် US Classic မှ နုတ်ထွက်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ