AI နဲ့ဖန်တီးထားတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့အထ္တုပ္ပတ္တိရုပ်ရှင် Cannes မှာ အရောင်းရဆုံးဖြစ်နေ
ရောင်နီ (NSS) - မေ ၂ဝ
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့အတ္ထုပ္ပတ္တိဇာတ်လမ်းအတွက် သမ္မတပူတင် ကိုယ်တိုင် သရုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပိုလန်ဒါရိုက်တာ ပထရိတ်ခ်ဗီဂါ က AI နဲ့ ဖန်တီးခဲ့ပါတယ်။"အာဏာရှင်ပူတင်နဲ့ဆင်တူစေဖို့ မိတ်ကပ်လိမ်းပြီး တူအောင်လုပ်ထားတဲ့ သရုပ်ဆောင် မဟုတ်ဘဲ တကယ့် ပူတင်ကို လိုအပ်ပါတယ်" လို့ Cannes ရုပ်ရှင်ပွဲတော်မှာ Vega က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် တကယ့်ပူတင်ကို သရုပ်ဆောင်ဖို့ ခေါ်ဆောင်ရတာဟာ မဖြစ်နိုင်တာကြောင့် နာမည်ကျော် ပိုလန် ရုပ်ရှင်များစွာကို ရိုက်ကူးခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် ဒါရိုက်တာ ဗီဂါက ပူတင်ရဲ့မျက်နှာကို ဖန်တီးဖို့ AI ကို အသုံးပြုခဲ့ပါတယ်။ AI တစ်ခုတည်းနဲ့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးစာ အသေးစိတ် ဖန်တီးလို့ အဆင်မပြေ တာကြောင့် တကယ့်သရုပ်ဆောင်ကို ခန္ဓာကိုယ်အတွက်သုံးပြီး မျက်နှာတစ်ခုလုံးကိုတော့ တကယ့် ပူတင်နဲ့ တူအောင် AI နဲ့ အသေးစိတ်ဖန်တီးခဲ့ပါတယ်။ ဒီလိုနဲ့ AI နဲ့ အသေးစိတ်ဖန်တီးထားတဲ့ "Putin" ရုပ်ရှင်ကို စက်တင်ဘာလမှာ ရုံတင်ပြသဖို့ နိုင်ငံပေါင်း ၅ဝ ကို ရောင်းချထားနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ပူတင်ရဲ့ အသက် ၁၀ နှစ်အရွယ်ကစ ဆယ်စုနှစ်ခြောက်ခုကျော် ဘဝကို ဇာတ်အိမ်တည်ကာ ရိုက်ကူးပြသထားတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံမှာလည်း ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု တွေ့ရှိလာ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ