ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား စေလွှတ်ပေးမည်ဟုဆိုကာ သိန်းပေါင်းထောင်ချီ လိမ်လည်မှု ဖြစ်ပွားခဲ့
သုတကျော် (NSS) - မေ ၁၈
ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား စေလွှတ်ပေးမည်ဟုဆိုကာ သိန်းပေါင်းထောင်ချီ လိမ်လည်မှုဖြစ်ပွားခဲ့ကာ အလားတူ လိမ်လည်မှုမျိုး အတွက် ထပ်မံတိုင်ကြားမည့်သူများလည်း ရှိနေကြောင်း ပြည်ပအလုပ် အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်ကြီးတစ်ဦးက NSS ကို ပြောသည်။
ပထမ လိမ်လည်မှု ဖြစ်စဉ်မှာ ဒေါ်ချောစုလှိုင်ဆိုသူသည် ကိုရီးယားရာသီလုပ်သားနှင့်ပတ်သက်၍ ချိတ်ဆက်ပို့ဆောင်ပေးမည်၊ (၇) ရက်အတွင်း အမြန်ပို့ဆောင်ပေးမည်ဟုပြောဆိုပြီး သင်တန်းကျောင်းများရှိ သင်တန်းသားများထံမှ တစ်ဦးလျှင် ငွေကျပ် (၃၂)သိန်းနှုန်းဖြင့်လည်းကောင်း၊ (၂၇)သိန်း (၅)သောင်းနှုန်းဖြင့်လည်းကောင်း စုစုပေါင်း သင်တန်းသား(၁၂၆) ဦးထံမှ ငွေကြေးများရယူထားပြီး စာချုပ်များ ချုပ်ဆိုထားခဲ့ကြောင်း သိရသည်။ ထို့ ကြောင့် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း သင်တန်းသား(၁၂၆)ဦးအား ပြည်ပနိုင်ငံသို့ ပို့ဆောင်ပေးနိုင်ခြင်းမရှိသည့်အတွက် ရယူထားသည့် ငွေကြေးများအား ကြော်ငြာပါရှိသည့်နေ့မှစ၍ (၇)ရက်အတွင်း ငွေကြေးများ ပြန်လည်ရှင်းလင်းပေးရန်နှင့် ရှင်းလင်းပေးခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း Myint Mo Academy Group ၏ လွှဲအပ်ချက်အရ ၎င်း၏ရှေ့နေက နိုင်ငံပိုင်သတင်းစာထက်တွင် ယခု ရက် ပိုင်းအတွင်း ကြေညာထားခြင်း ဖြစ်သည်။
“ပြောရပေါင်းများလှပြီ။ ဒီနှစ်ကလည်း ရာသီချိန် လုပ်သားမရှိဘူး။ လာမယ့် နှစ်တော့ပြောမရဘူး။ ကျွန်တော်တို့ဆီမှာလည်း ဘာ Demand မှ မရှိဘူး ပြောထားပြီးသား။ အဲဒီဟာတွေက လာဦးမှာ။ ဒီတစ်ခုတည်းမှ မဟုတ်တာ။ ကျွန်တော်ကြားတာ တော်တော်များတယ်။ ဒီ(တစ်ယောက်) အမှုပဲ လိမ်တယ်ဆိုတာ ပေါ်သေးတာ။ (အလိမ်ခံရတဲ့သူ) အများကြီးရှိနိုင်တယ်။ ကြိတ်ပြီး လုပ်နေတဲ့သူ ဘယ်လောက် ရှိမလဲမသိဘူး။ တိုင်မှသိမှာ”ဟု အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။
ပြည်ပသို့ အလုပ်သွားရောက်လုပ်လိုသူများအနေဖြင့် ပွဲစားများ ပြောစကားကို မယုံရန်လိုပြီး လိမ်လည်ခံရပြီးနောက် ပိုက်ဆံပြန်ရမည်ဟု ထင်ကာ စောင့်နေပြီးနောက် ပိုက်ဆံမရသည့်အချိန်မှ စတင်ထွက်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ “အခုက သူအရင်စတာ။ နောက်ဆက်တိုက် အမှုတွေ လာလိမ့်မယ်။ ကိုရီးယားနဲ့ ပတ်သက်ပြီး တိုင်တာ နိုင်ငံသိက ဒါပဲ ရှိသေးတယ်။ အသေးလေးတွေလည်း ထွက်လာလိမ့်မယ်” ဟု ၎င်းက ရှင်းပြသည်။ သိလိုသူများ အနေဖြင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်သို့လည်း ရုံးချိန်းအတွင်း ဆက်သွယ်မေးမြန်းနိုင်ကာ မြို့နယ်တိုင်းတွင် အလုပ်သမားဝန်ကြီးဌာနရုံးများသို့လည်း မေးမြန်းနိုင်ပြီး Safe Migration ဖေ့စ်ဘွတ်ခ် စာမျက်နှာသို့လည်း မေးမြန်းနိုင်ကြောင်း ၎င်းက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနောက်အုပ်စုနိုင်ငံတွေက မီးနဲ့ကစားနေတာဖြစ်တယ်လို့ ရုရှားအစိုးရသတိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ