အနောက်အုပ်စုနိုင်ငံတွေက မီးနဲ့ကစားနေတာဖြစ်တယ်လို့ ရုရှားအစိုးရသတိပေး
Pika (NSS) - မေ ၁၈
ရုရှားနိုင်ငံကို တိုက်ခိုက်ဖို့အတွက် ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီပံ့ပိုးပေးခြင်းဖြင့် အနောက်အုပ်စုနိုင်ငံတွေဟာ ပဋိပက္ခကို ပိုမိုကျယ် ပြန့်လာအောင်လုပ်ဆောင်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက မေလ(၁၇)ရက်နေ့မှာ သတိပေးပြောဆိုခဲ့ပါတယ်။
ယူကရိန်းက ရုရှားမြို့တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက် တိုက်လုပ်ဆောင်နေတဲ့အချိန်မှာ မာရီယာဇာခါရိုဗာရဲ့ သတိပေးပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ မာရီယာဇာခါရိုဗာက 'ယူကရိန်းအစိုးရကို ကြိုးကိုင်နေတဲ့နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ဗြိတိန်တို့ရဲ့ လုပ်ရပ်တွေကို ဒီတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။ သူတို့က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေနဲ့ စစ်လက်နက် ပစ္စည်းတွေ ကူညီပံ့ပိုးပေးရုံသာမကဘဲ ရုရှားကိုတိုက်ခိုက်ရာမှာ ဒီစစ်လက် နက်ပစ္စည်းတွေ အသုံးပြုဖို့ ညွှန်ကြားနေတာပါ။ အမေရိကန်၊ ဗြိတိန်၊ နေတိုးအဖွဲ့နဲ့ အခြားအနောက်အုပ်စုနိုင်ငံတွေအပြင် ယူကရိန်းတို့ဟာ မီးနဲ့ကစားနေတယ်ဆိုတာကို ကျွန်မတို့ သတိပေးလိုပါတယ်။ ရုရှားနိုင်ငံဟာ ဒီလိုကျူးကျော်တိုက်ခိုက်မှုတွေကို ငြိမ်ခံနေမှာမဟုတ်ပါဘူး။”လို့ ပြောဆိုခဲ့ပါတယ်။
မေလ(၁၆)ရက်နေ့နဲ့ (၁၇)ရက်နေ့တို့မှာ ယူကရိန်းတပ်ဖွဲ့တွေဟာ ခရိုင်းမီးယားကျွန်းဆွယ်၊ Krasnodar မြို့နဲ့ အခြားရုရှားဒေသတွေကို ဝေဟင်သုံးဒရုန်းတွေ၊ ရေအောက်သုံးဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒရုန်းအစင်းရေ(၁၀၀)ကျော်ကို ကြားဖြတ်ဟန့်တားခဲ့ပြီး ရေအောက်သုံးဒရုန်း(၆)စင်းကို ရုရှားရဲ့ပင်လယ်နက်ရေယာဉ်စုက ဖျက်ဆီးပစ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ အရပ်သားပြည်သူများနေထိုင်ရာ ရပ်ကွက်များကို ပစ်ခတ်တိုက်ခိုက်နေခြင်းက ယူကရိန်းနဲ့ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာ ကြားခံဇုန်တစ်ခုဖန်တီးဖို့ တွန်းအားနေပေးတာမျိုးဖြစ်တယ်လို့ ရုရှားသမ္မတပူတင်က မေလ(၁၇)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပူတင်က 'ယူကရိန်းက ဒီလိုမျိုး အရပ်ဘက်နေရာတွေကို ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် ကြားခံဇုန်တစ်ခုကို ကျွန်တော်တို့ဖန်တီးရတော့မှာပါ။”လို့ ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးမှုများဆက်လက်လုပ်ဆောင်မည်ဟု တရုတ်အစိုးရပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ