အီရန်ကို ကြီးမားတဲ့တုံ့ပြန်မှုမလုပ်ဖို့ အစ္စရေးကို အမေရိကန် နဲ့ မဟာမိတ်တွေ ဖိအားပေး
ဂျန်ဇက် (NSS) - ဧပြီ ၂၃
အမေရိကန် အစိုးရဟာ အီရန်နိုင်ငံကို ကြီးမားတဲ့တုံ့ပြန်တိုက်ခိုက်မှုမျိုး မလုပ်ဖို့ အစ္စရေးနိုင်ငံကို ဖိအားပေးခြင်းများလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။
အစ္စရေးဟာ ၎င်းတို့နိုင်ငံတိုက်ခိုက်ခံရပြီးနောက် အီရန်နိုင်ငံကို ကြီးမားတဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုမျိုးလုပ်ဆောင်ဖို့ စီစဉ်ခဲ့ကြောင်း၊ သို့သော်လည်းအမေရိကန် နဲ့မဟာမိတ်များက အစ္စရေးနိုင်ငံရဲ့တုံ့ပြန်မှုတွေကို ကြီးမားတဲ့ တုံ့ပြန်မှုမျိုးမလုပ်ဆောင်ဖို့ ဝိုင်းဝန်းဖိအားပေးခဲ့ကြောင်း နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။ အစ္စရေးဟာ အီရန်နိုင်ငံကို ဒရုန်းတွေအပြင် ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးဟာ ကလေးကစားစရာအရုပ်နဲ့ တူညီတဲ့ ဒရုန်းတွေကိုအသုံးပြုခဲ့ပြီး အလွယ်တကူပစ်ချနိုင်ခဲ့ကြောင်း ပြောပါတယ်။
အစ္စရေးဟာ အီရန်နိုင်ငံတဝှမ်းရှိ စစ်ဘက်ဆိုင်ရာအဆောက်အဦးတွေကို ပစ်မှတ်ထားပြီး ကြီးမားကျယ်ပြန့်တဲ့တိုက်ခိုက်မှုမျိုးလုပ်ဆောင်ဖို့ အစောပိုင်းက ရည်ရွယ်ခဲ့ကြောင်းသတင်းတွေကဖော်ပြထားပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ဗြိတိန် နဲ့ ဂျာမနီတို့ဟာ အီရန်ကိုလက်တုံ့ပြန်ရာမှာအကန့်သတ်နဲ့သာတုံ့ပြန်ဖို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ဖိအားပေးခဲ့တာမျိုးတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေး စစ်တပ်ကတော့ နယူးယောက်တိုင်းမ် သတင်းဌာနရဲ့ဖော်ပြချက်တွေကို တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်းသိရပါတယ်။ အစ္စရေးဟာ ဧပြီလအစောပိုင်းတုန်းက ဆီးရီးယားနိုင်ငံကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်ဗိုလ်ချုပ်နှစ်ဦး သေဆုံးခဲ့ပြီး နှစ်နိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်လာမှုနဲ့အတူ အီရန်က ဧပြီ ၁၃ ရက်နေ့မှာ အစ္စရေးကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။ အစ္စရေးကလည်း အီရန်ရဲ့တိုက်ခိုက်မှုတွေကို မကျေနပ်တဲ့အတွက် ဧပြီ ၁၉ရက်နေ့မှာ တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့ဝင် (၁၂)ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ