အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အစ္စရေးထောက် လှမ်းရေးအကြီးအကဲ ရာထူးမှနုတ်ထွက်
ALynn (NSS) - ဧပြီ ၂၃
အစ္စရေး ထောက်လှမ်းရေး အကြီးအကဲ Aharon Haliva သည် အစ္စရေးတောင်ပိုင်းရှိ Qassam တပ်မဟာများနှင့် အခြားသော ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များ၏ အောက်တိုဘာ ၇ တိုက်ခိုက်မှုကို တားဆီးရန် ပျက်ကွက်မှုများကြောင့် ရာထူးမှ နုတ်ထွက်သည့် ပထမဆုံး အရာရှိ ဖြစ်လာခဲ့သည်။
"ကျွန်ုပ်၏ကွပ်ကဲမှုအောက်ရှိ ထောက်လှမ်းရေးရုံးသည် ကျွန်ုပ်တို့အား အပ်နှင်းထားသော တာဝန်ကို မကျေပွန်ခဲ့ပါ”ဟု Haliva က တနင်္လာနေ့တွင် အစ္စရေးစစ်တပ် အကြီးအကဲထံ လိပ်မူသောစာတွင် ရေးသားဖော်ပြခဲ့သည်။ Haliva သည် အစ္စရေးစစ်တပ်၌ (၃၈)နှစ်ကြာ တာဝန်ထမ်းဆောင်နေပြီး ၎င်း၏နေရာတွင် အစားထိုးမည့်သူတွေ့ရှိပါက ရာထူးမှနုတ်ထွက်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို ဖြစ်စေသည့် အခြေအနေအားလုံးကို အသေးစိတ်၊ ကျယ်ကျယ်ပြန့်ပြန့် နှင့် တိကျစွာဆုံးဖြတ်ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ကိုလည်း ၎င်းကတောင်းဆိုခဲ့သည်။
ထိုနေ့တွင် ဟားမတ်စ်၏ Qassam တပ်မဟာသည် အံ့အားသင့်ဖွယ် တိုက် ခိုက်မှုကိုစတင်ခဲ့ပြီး လူပေါင်း ၁,၁၃၀ ကျော် သေဆုံးကာ ၂၄၀ ခန့်ကို ဖမ်း ဆီးထားခဲ့သည်။ တောင်ပိုင်းရှိ ပြည်သူများအား တိုက်ခိုက်ခံရခြင်းသည် ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံတည်ထောင်ပြီးနောက်ပိုင်း ထောက်လှမ်းရေးကဏ္ဍ၏ အဆိုးရွားဆုံးပျက်ကွက်မှုအဖြစ် သတ်မှတ်သည်။ အစ္စရေးသည် ဂါဇာတွင် ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုဖြင့်တုံ့ပြန်ခဲ့ပြီး ယခုအချိန်အထိ လူပေါင်း ၃၄,၀၀၀ ကျော်သေဆုံးပြီး နေထိုင်သူ ၂ ဒသမ ၂ သန်းအနက် အများစုမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
Haliva အပါအဝင် အကြီးတန်း စစ်ခေါင်းဆောင် အများစုသည် အောက်တို ဘာ ၇ ရက် အဖြစ်အပျက်ကို မကာကွယ်နိုင်ခဲ့သည့်အတွက် တာဝန်ယူကြရမည်ဖြစ်ပြီး ဂါဇာစစ်ပွဲပြီးဆုံးချိန်တွင်လည်း တာဝန်ခံရမည့်သူများရှိနေ သည်။ ဂါဇာတွင် အစ္စရေး၏ ထိုးစစ်ဆင်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့ကြား အပြန်အလှန်ပစ်ခတ်မှုများ၊ အီရန်နှင့် တင်းမာမှုများ တစ်ချိန်လုံး မြင့်မားလာနေချိန်တွင် Haliva က ယခုလို လုပ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍မူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။ Halavi အနေဖြင့် ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းသည် တာဝန်ခံမှုအတွက် အချိန်ရောက်လာပြီဟု အချက်ပြလာခြင်းဖြစ်ကြောင်း သုံးသပ်သူ များက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရဲ့ အကူအညီပေးရေးအစီအစဉ်အသစ်က ရုရှားကို ရပ်တန့်နိုင်မည်မဟုတ်ဟု ယူကရိန်းနိုင်ငံသားများယုံကြည်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ