တောင်ကြီးမြို့ မြစိမ်းတောင်ဘုန်းကြီးကျောင်းအနီးတွင် တောမီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဧပြီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ မြစိမ်းတောင်ဘုန်းကြီးကျောင်းအနီးတွင်တောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တောမီးလောင်မှုသည် ယမန်နေ့(ဧပြီလ ၂၁ရက်)၊ ည ၈နာရီ ၂၅မိနစ်အချိန်ခန့်တွင် တောင်ကြီးမြို့၊ သစ်တော်ရပ်ကွက်၊ မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်းနှင့် နဂါးကန်ဘုန်းတော်ကြီးကျောင်းကြားရှိ တောင်ကြောတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နှစ်စဉ်နှစ်တိုင်းလောင်နေကြအတိုင်း တောမီးလောင်တာပါ။ တောဆိုတော့ သစ်ရွက်ခြောက်တွေကနေစလောင်တာပေါ့။ အများကြီးလောင်သွားတာလည်းမဟုတ်ပါဘူး။ တောင်ကြောလေးတစ်ခုလောင်သွားတာပါ။ မြို့ကနေလှမ်းကြည့်တော့ တောင်ပေါ်လည်းဖြစ်တယ်။ လေကလည်းတိုက်နေတော့ မီးတောက်ကမြင့်တယ်လို့ထင်ရတာပါ။ ကြိုးဝိုင်းသစ်တောဘက်လည်း မရောက်ပါဘူး။” ဟု တောင်းကြီးမြို့ခံတစ်ဦးက NSS ကိုပြောသည်။
၎င်းတောမီးလောင်မှုကို ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ တောင်ကြီးမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်ဖွဲ့ဝင်များက (၄)နာရီကျော်ခန့်ကြာ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြင့် အောက်ခြေမှစတင်သော အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီဟု RCSS အသိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ