ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရာထူးမှနှုတ်ထွက်
Pika (NSS) - ဧပြီ ၂၂
၂၀၁၉ ခုနှစ်ကတည်းက ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လာခဲ့တဲ့ Cong Peiwu ဟာ ၎င်းရဲ့ရာထူးကနေနှုတ်ထွက်ပြီး တရုတ်နိုင်ငံကို ပြန်လာခဲ့တယ်လို့ အဆိုပါကိစ္စနဲ့ရင်းနှီးတဲ့ သတင်းရင်းမြစ်တစ်ခုက ဧပြီလ(၂၁)ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
ကနေဒါအကြီးတန်းသံတမန်တစ်ဦးဟာ တရုတ်နိုင်ငံကို လာရောက်လည်ပတ်နေစဉ်အချိန်အတွင်းမှာ အဲဒီသတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Cong Peiwu ဟာ ရာထူးကနေ ဘာကြောင့် နှုတ်ထွက်ရတယ်ဆိုတဲ့အချက်ကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။ ကနေဒါနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးဟာ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာတွေကို ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး Ma Zhaoxu ဟာ အလည်အပတ်ရောက်ရှိနေတဲ့ ကနေဒါနိုင်ငံခြားရေးဒုဝန်ကြီး ဒေးဗစ်မော်ရစ်ဆင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
Ma Zhaoxu နဲ့ ဒေးဗစ်မော်ရစ်ဆင်တို့ဟာ တရုတ်-ကနေဒါဆက်ဆံရေးအပြင် အပြန်အလှန်အကျိုးစီးပွား၊ စိုးရိမ်မှုတို့နဲ့ပတ်သက်တဲ့ အခြားကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ Cong Peiwu ရဲ့ ရာထူးကနေနှုတ်ထွက်မှုနဲ့ နိုင်ငံတွင်းကနေ ထွက်ခွါမှုကို ကနေဒါသတင်းစာဖြစ်တဲ့ Globe and Mail က ပထမဆုံးဖော်ပြခဲ့တာဖြစ်ပါတယ်။ ကနေဒါရဲတပ်ဖွဲ့ဟာ တရုတ်ဆက်သွယ်ရေးပစ္စည်းကုမ္ပဏီကြီး Huawei Technologies ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် Meng Wanzhou ကို အမေရိကန်ရဲ့ဖမ်းဝရမ်းနဲ့အတူ ဖမ်းဆီးခဲ့ပြီးနောက် တရုတ်နဲ့ကနေဒါတို့ရဲ့ ဆက်ဆံရေးဟာ ၂၀၁၈ ခုနှစ်ကတည်းက တင်းမာလာခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကနေဒါနိုင်ငံသား Michael Spavor နဲ့ Michael Kovrig တို့ကို တရုတ်နိုင်ငံက ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ ကနေဒါနိုင်ငံသားနှစ်ဦးကို ရက်ပေါင်း(၁)ထောင်ကျော်အထိ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါနေ့မှာပဲ အမေရိကန်တရားရေးဌာနဟာ Meng Wanzhou ကို လွှဲပြောင်းပေးဖို့ တောင်းဆိုမှုတွေကို ပယ်ဖျက်ပေးခဲ့ပြီး Meng Wanzhou ဟာ တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့ဟာ ဟောင်ကောင်မှာရှိတဲ့ တရုတ်ရဲ့အမျိုးသားလုံခြုံရေးဥပဒေလိုမျိုး ကိစ္စရပ်တွေမှာ ဆန့်ကျင်ဖက်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံဟာ ကနေဒါနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ဝင်ရောက်စွက်ဖက်မှုတွေလုပ်ဆောင်နေတယ်လို့ စွပ်စွဲခံထားရပြီး တရုတ်ဖက်က အဲ့ဒီပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချထားပါတယ်။ ကနေဒါအစိုးရအေဂျင်စီတွေဟာ အဆိုပါ စွပ်စွဲပြောဆိုမှုတွေကို သက်သေပြဖို့အတွက် ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂ္ဂလိကကျောင်းများအနေဖြင့် ကျောင်းအပ်လက်ခံပြီး ကြိုတင်စာသင်ကြားခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ