ရုရှားနဲ့စစ်ပွဲမှာ ယူကရိန်းက နိုင်နိုင်ခြေရှိသေးကြောင်း သမ္မတဇီလန်စကီးပြော
Pika (NSS) - ဧပြီ ၂၂
ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာအကူအညီပေးရေး အစီအစဉ်အသစ်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုပေးလိုက်မှုနဲ့အတူ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ယူကရိန်းက နိုင်နိုင်ခြေရှိသေးတယ်လို့ သမ္မတဇီလန်စကီးက ဧပြီလ(၂၁)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်အောက်လွှတ်တော်ဟာ ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အသစ် အမေရိကန်ဒေါ်လာ(၆၁)ဘီလျံကို အတည်ပြုပေးပြီးတဲ့နောက် တစ်ရက်အကြာမှာ ဇီလန်စကီးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်လွှတ်တော်အမတ်အချို့က ဆန့်ကျင်မှုနဲ့အတူ ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အသစ်ဟာ အမေရိကန်လွှတ်တော်မှာ ပြီးခဲ့တဲ့ဆောင်းဦးရာသီတည်းက ရပ်တန့်နေခဲ့တာပဲဖြစ်ပါတယ်။ ဇီလန်စကီးက 'ဒီအကူအညီပေးရေးအစီအစဉ်အသစ်ဟာ ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကို ပိုပြီးအားကောင်းလာစေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ လိုအပ်နေတဲ့ စစ်လက်နက်ပစ္စည်းစနစ်တွေကိုသာ ရရှိခဲ့မယ်ဆိုရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အောင်မြင်မှုကို ရရှိမယ်လို့ ယုံကြည်ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဆီကို စစ်လက်နက်ပစ္စည်းတွေ စတင်ပေးပို့နိုင်ဖို့အတွက် ဒီအကူအညီပေးရေးအစီအစဉ်အသစ် ဥပဒေမူကြမ်းကို အမြန်ဆုံးအပြီးသတ်ဖို့ အမေရိကန်အစိုးရကို ဇီလန်စကီးက တိုက်တွန်းခဲ့တယ်လို့လည်းသိရပါတယ်။ ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အသစ်ဟာ လက်ရှိအချိန်မှာ အမေရိကန်အထက်လွှတ်တော်ကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။ အမေရိကန်အထက်လွှတ်တော်ဟာ ဒီအကူအညီပေးရေအစီအစဉ်သစ် ဥပဒေမူကြမ်းကို ဧပြီလ(၂၃)ရက်နေ့မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။အမေရိကန်အထက်လွှတ်တော်က အတည်ပြုပေးပြီးတာနဲ့ တစ်ပြိုင်နက် ဂျိုးဘိုင်ဒန်ဟာ အဆိုပါ ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယားရှိ အမေရိကန်စစ်အခြေစိုက်စခန်း ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ