မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် နှောင့်နှေးနေဟု အိန္ဒိယအစိုးရပြော
ဂျန်ဇက် (NSS) - ဧပြီ ၂၁
မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့်တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် နှောင့်နှေးလျက်ရှိနေကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောသည်။
တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသားများသည် တရားဝင်အထောက်အထားမပါရှိဘဲ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ကို ဝင်ရောက်လာခြင်းများရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်လာသူများကို မိခင်နိုင်ငံသို့ ပြန်ပိုရန် စီစဉ်နေမှုများ နှောင့်နှေးနေခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ထောင်နှင့်ချီသော မြန်မာ နိုင်ငံသားများနှင့် ရာနှင့်ချီသော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံဘက်ခြမ်းသို နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်ခြင်းများ ရှိလာခဲ့ကြောင်း သိရသည်။
မဏိပူရပြည်နယ်အစိုးရသည် ပြီးခဲ့သောလတွင် တရားမဝင် စာရွက်စာတမ်းမပါရှိဘဲ အိန္ဒိယနိုင်ငံဘက်ခြမ်းသို ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၇၇ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။
အိန္ဒိယအကြီးတန်း ရဲအရာရှိတစ်ဦးက "မဏိပူရပြည်နယ် အင်ဖာမြို့မှာ တရားဝင်အထောက်ထားမရှိတဲ့ မြန်မာ နိုင်ငံသား ၃၈ ဦး ရှိနေတယ်။ အဲဒီသူတွေကို မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့သွားမှာဖြစ်တယ်။ ဒါပေမယ့် မြန်မာ အာဏာပိုင်တွေက အဲဒီသူတွေကို ပြန်လည်ခေါ်ယူဖို့ အဆက်သွယ်လုပ်လာမယ့်အချိန်ကို စောင့်ဆိုင်းနေရတယ်" ဟု ပြောသည်။
မြန်မာနိုင်ငံသားများကို ပြန်ပို့မည့်အစီအစဉ်များနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန နှင့် မဏိပူရ ပြည်နယ်အာဏာပိုင်များက တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။ သို့သော်လည်း အိန္ဒိယရဲတပ်ဖွဲ့အကြီးတန်းရဲအရာရှိတစ်ဦးက "လက်ရှိအချိန်မှာ မြန်မာနိုင်ငံက တည်ငြိမ်မှုမရှိသေးဘူး။ အထူးသဖြင့် အိန္ဒိယနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ တမူးမြို့ဟာ တည်ငြိမ်မှုအားနည်းနေတယ်။ မြန်မာအာဏာပိုင်တွေ ဟာ တရားမဝင် အထောက်ထားမရှိဘဲ အိန္ဒိယနိုင်ငံ ပိုင်နက်တွေထဲရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူမှာ မဟုတ်ဘူးဆိုရင် အတင်းကြပ်ပြန်ပို့ရဖွယ် ရှိနေပါတယ်" ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်ရေတပ်ရဟတ်ယာဉ်နှစ်စင်း စစ်ရေးလေ့ကျင့်မှုလုပ်ဆောင်နေစဉ်အချိန်အတွင်း ပျက်ကျ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ