ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့တွင် ဘင်္ဂါလီ (၁၀၀၀)ခန့်က အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် AA အဖွဲ့ကို အလိုမရှိကြောင်း ဆန္ဒပြ
NSS - ဧပြီ ၂၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့တွင် ဘင်္ဂါလီ (၁၀၀၀)ခန့်က အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် AA အဖွဲ့ကို အလိုမရှိဟု ဆန္ဒဖော်ထုတ်ခဲ့ကြောင်း နစကမှ ဧပြီ(၂၀)ရက်နေ့ ညပိုင်းက ထုတ်ပြန်ထားသည်။
စစ်တွေမြို့နယ်၊ ဘုမေကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီလူမျိုး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၁၀၀၀)ခန့်မှ ဧပြီ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် စစ်တွေမြို့၊ ဘုမေဈေးလမ်းဆုံနေရာမှစုဝေး၍ မီးစက်အဝိုင်းပတ်နှင့် မေယုလမ်းမကြီးအတိုင်း ဝေသာလီကွင်းအနီးသို့လှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေသည့် NUG ၊ AA သောင်းကျန်းသူ အလိုမရှိ၊ အကြမ်းဖက်တိုက်ခိုက်မှုအလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ စစ်တွေမြို့ကိုကာကွယ်ကြ၊ လူနေရပ်ကွက်သို့ လက်နက်ကြီး နှင့် ပစ်တာရပ်” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့်ကာလများတွင်လည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီများသည် အထက်ပါကဲ့သို့ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြမှုများရှိခဲ့ကြောင်း သိရသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်အတွင်း၌ တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ပြီး စစ်တွေမြို့အနီးရှိ ပုဏ္ဏားကျွန်းမြို့အပါအဝင် မြို့အချို့ကို သိမ်းပိုက်ရရှိထားကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိသည်။ စစ်တွေမြို့နယ်တွင် လက်နက်ကြီးဖြင့်(၁၃)ကြိမ် ပစ်ခတ်ခံရမှုကြောင့် လူ(၁၈)ဦးသေဆုံးခဲ့ရပြီး AA အဖွဲ့သည် စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း နစကမှ ပြီးခဲ့သည့် မတ်လအတွင်း တုံ့ပြန်ပြောဆိုထားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံအတွင်း TikTok လူမှုကွန်ရက် အသုံးပြုခွင့်ပိတ်ပင်မယ့် ဥပဒေမူကြမ်းကို အောက်လွှတ်တော်ကိုယ်စားလှယ်များ မဲခွဲဆုံးဖြတ် အတည်ပြု
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ