လူထောင်ပေါင်းများစွာကို ကယ်ဆယ်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံရှိ Ruang မီးတောင် ထပ်မံပေါက်ကွဲမှုဖြစ်ပွား
Pika (NSS) - ဧပြီ ၂ဝ
အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မီးတောင်တစ်ခုဟာ ယခုသီတင်းပတ်အစောပိုင်းမှာ အကြိမ်ပေါင်းများစွာပေါက်ကွဲခဲ့ပြီးနောက် ဧပြီလ(၁၉)ရက်နေ့မှာ ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေစီပြည်နယ်ရဲ့အပြင်ဘက်စွန်းမှာရှိတဲ့ Ruang မီးတောင်ဟာ ဧပြီလ(၁၆)ရက်နေ့ နှောင်းပိုင်းမှာ စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး လူထောင်ချီကို ဘေးလွတ်ကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ Ruang မီးတောင်ဟာ ငြိမ်သက်သွားပြီဖြစ်တယ်လို့ ဧပြီလ(၁၉)ရက်နေ့ နံနက်ပိုင်းမှာ အာဏာပိုင်တွေက ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဟာ အမြင့်ဆုံးသတိပေးချက်ကို ဆက်လက်ထုတ်ပြန်ထားပြီး ဒေသခံတွေကို မီးတောင်နဲ့(၆)ကီလိုမီတာအကွာမှာ နေထိုင်ကြဖို့ ပြောကြားထားခဲ့တယ်လို့လည်း သိရပါတယ်။
အာဏာပိုင်တွေက အခုလိုပြောဆိုပြီးတဲ့နောက် နာရီအနည်းငယ်အကြာမှာပဲ Ruang မီးတောင်ဟာ ထပ်မံပေါက်ကွဲခဲ့တာလို့လည်း သိရပါတယ်။ Tagulandang ကျွန်းမှာ နေထိုင်တဲ့ အသက်(၃၀)နှစ်အရွယ် Riko က 'Ruang မီးတောင်က ထပ်မံပေါက်ကွဲတယ်လို့ ကြားတဲ့အချိန်မှာ ကျွန်တော်တကယ်ကို အံ့ဩသွားခဲ့ပါတယ်။ ကျွန်တော်တို့ တကယ်ကို ကြောက်ရွံ့နေတာပါ။”လို့ ပြောဆိုခဲ့ပါတယ်။ Ruang မီးတောင် ထပ်မံပေါက်ကွဲခဲ့ပြီးနောက် တောင်ထိပ်ကနေ ကောင်းကင်ပေါ်သို့ မီတာ(၄၀၀)ခန့်အထိ မီးခိုးတွေနဲ့ ပြာတွေ အလုံးလိုက်ထွက်လာခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံ မီးတောင်အေဂျင်စီကပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ မီးတောင်အေဂျင်စီ'ဧပြီလ(၁၉)ရက်နေ့ ညနေ(၅)နာရီ(၆)မိနစ်မှာ Ruang မီးတောင်ဟာ ထပ်မံပေါက်ကွဲခဲ့ပါတယ်။ ပြာတွေနဲ့ မီးခိုးတွေ အများအပြား ထွက်လာပြီး တောင်ဘက်ကို ဦးတည်သွားနေတာကို တွေ့ခဲ့ပါတယ်။”လို့ သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပူတာအိုရှိ ဦးတေဇပိုင် မလိခဟိုတယ်တွင် ဂတ်စ်အိုးယိုစိမ့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆောက်အအုံ(၂)လုံး မီးလောင်ဆုံးရှုံးခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ