ပူတာအိုရှိ ဦးတေဇပိုင် မလိခဟိုတယ်တွင် ဂတ်စ်အိုးယိုစိမ့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆောက်အအုံ(၂)လုံး မီးလောင်ဆုံးရှုံးခဲ့
စော (NSS) - ဧပြီ ၂၀
ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ ဦးတေဇပိုင် မလိခဟိုတယ်၌ ဂတ်စ်အိုးယိုစိမ့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆောက်အအုံ (၂)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ပူတာအိုခရိုင်မီးသတ်စခန်းထံမှ သိရသည်။
မီးလောင်မှုဖြစ်စဉ်သည် ယနေ့ (ဧပြီလ ၂၀ရက်)၊ နံနက် (၆)နာရီခွဲဝန်းကျင်အချိန်တွင် ပူတာအိုမြို့၊ မူလာရှီးဒီရပ်ကွက်ရှိ မလိခဟိုတယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဘယ်ကနေစလောင်တာလဲဆိုတော့ ဂတ်စ်အိုးယိုစိမ့်တာကနေ လောင်တာပါ။ မီးဖိုဆောင်ရယ်၊ ထမင်းစားဆောင်ရယ် အဲဒါလေးလောင်သွားတာပါ ”ဟု ပူတာအိုခရိုင်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုကြောင့် အဆောက်အအုံ(၂)လုံး နှင့် အခြားပစ္စည်းများ ပျက်စီးဆုံးရှုံးမှုရှိခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မီးလောင်မှုအား ပူတာအိုမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် (၇)နာရီ ဝန်းကျင်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးတေဇပိုင် Milikaha Lodge Hotel အနေဖြင့် ဟိုတယ်၏ စားသောက်ခန်းအသေး၊ မီးဖိုချောင်နှင့် ၎င်းနှင့်ဆက်စပ်လျက်ရှိသည့် ဘန်ဂလိုတစ်ခု၏ ခေါင်မိုးတို့တွင်သာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဟိုတယ်၏ လုပ်ငန်းလည်ပတ်မှု အလုံးစုံကို ထိခိုက်မှုမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မလိခဟိုတယ်၏ management အနေဖြင့် နောင်တွင် ယခုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် လိုအပ်သည့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဟိုတယ်သည် ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆာဟယ်ဒေသသည် မူးယစ်မှောင်ခိုမှုလမ်းကြောင်းဖြစ်လာကြောင်း ကုလသမဂ္ဂသတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း