ရုရှား၏ မဟာဗျူဟာမြောက် Tu-22 ဗုံးကြဲလေယာဉ်ကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်ပြော
Pika (NSS) - ဧပြီ ၁၉
ဧပြီလ(၁၉)ရက်နေ့မှာ ယူကရိန်းမြို့တွေကို ရုရှားက ဒုံးကျည်တွေ၊ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားရဲ့မဟာဗျူဟာမြောက် Tu-22 ဗုံးကြဲလေယာဉ်ကို အောင်မြင်စွာဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းလေတပ် တပ်မှူး Mykola Oleshchuk က “ယူကရိန်းလေတပ်ရဲ့ တိုက်လေယာဉ်ဖျက်ဒုံးကျည်တပ်ဖွဲ့တွေဟာ ကာကွယ်ရေးထောက်လှမ်းရေးအဖွဲ့နဲ့ပူးပေါင်းပြီး ယူကရိန်းမြို့တွေကို တိုက်ခိုက်နေတဲ့ Kh-22 ခရုဇ် ဒုံးကျည်တွေ သယ်ဆောင်ထားတဲ့ ရုရှားနဲ့ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ် Tu-22 ကို အောင်မြင်စွာ ဖျက်ဆီး ပစ်နိုင်ခဲ့ပါတယ်” လို့ ထုတ်ပြန်ပြောခဲ့ပါတယ်။
Tu-22 ဗုံးကြဲလေယာဉ် ပျက်ကျရတဲ့အကြောင်းအရင်းမှာ နည်းပညာပိုင်းဆိုင်ရာပြဿနာတွေကြောင့် ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း Tu-22 ဗုံးကြဲလေယာဉ် ပျက်ကျရခြင်းမှာ ယူကရိန်းဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်သာဖြစ်တယ်လို့ ယူကရိန်းအာဏာပိုင် တွေက ပြောဆိုထားပါတယ်။
ရုရှားရဲ့မဟာဗျူဟာမြောက် Tu-22 ဗုံးကြဲလေယာဉ်ဟာ ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Stavropol ဒေသမှာ တိုက်ခိုက်ရေးမစ်ရှင်တစ်ခုအတွင်း ပျက်ကျခဲ့တာလို့လည်း သိရပါတယ်။ Tu-22 ဗုံးကြဲလေယာဉ်ရဲ့ လေယာဉ်မှူးဟာ ပျက်ကျမှုအတွင်း ထိုင်ခုံနဲ့အတူ အောင်မြင်စွာကန်ထွက်နိုင်ခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့လည်း သိရပါတယ်။ Tu-22 ဗုံးကြဲလေယာဉ်ပျက်ကျရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး ရုရှားစစ်ဝန်ကြီးဌာနက စုံစမ်း စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်၏ အကူအညီများ မရရှိဘူးဆိုပါက စစ်ပွဲအတွက် ပလန်ဘီရှိတော့မည်မဟုတ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ