ထိုင်ဝမ်ကျွန်းများအနီးတွင် လေကြောင်းလမ်းအသစ်များ ဖွင့်လှစ်လိုက်ကြောင်း တရုတ်အစိုးရကြေညာ
Pika (NSS) - ဧပြီ ၁၉
ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ကျွန်းတွေဖြစ်တဲ့ Kinmen နဲ့ Matsu ကျွန်းတွေနဲ့ နီးကပ်တဲ့ ပျံသန်းမှုလမ်းကြောင်းတွေနဲ့အတူ တရုတ်နိုင်ငံ Xiamen မြို့နဲ့ Fuzhou မြို့တို့ကို ပျံသန်းတဲ့လေကြောင်းလမ်းအသစ်ကို ဖွင့်လှစ်လိုက်တယ်လို့ တရုတ်ရဲ့လေကြောင်းထိန်းသိမ်းရေးအဖွဲ့က ဧပြီလ(၁၉)ရက်မှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အဲဒီလုပ်ရပ်ဟာ ထိုင်ဝမ်ကို စိတ်ဆိုးဒေါသဖြစ်စေနိုင်တဲ့လုပ်ရပ်တစ်ခုလည်း ဖြစ်လာနိုင်ဖွယ်ရှိနေပါ တယ်။တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းအနီးမှာ M503 လို့ခေါ်တဲ့ ပျံသန်းမှုလမ်းကြောင်းကို ပြောင်းလဲခဲ့ပြီးနောက် ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ထိုင်ဝမ်အစိုးရဟာ အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး စိတ်ဆိုးဒေါသဖြစ်မှု တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
တရုတ်နိုင်ငံက ဖွင့်လှစ်လိုက်တဲ့ Xiamen မြို့နဲ့ Fuzhou မြို့တို့ကို ပျံသန်းမယ့်လေကြောင်းလမ်းအသစ်တွေဟာ M503 ပျံသန်းမှုလမ်းကြောင်းနဲ့ ချိတ်ဆက်ထားတယ်လို့လည်း သိရပါတယ်။ ပြီးတော့ တရုတ်နဲ့ ထိုင်ဝမ်ကြားမှာ ရှိတဲ့ရေလက်ကြားအလယ်မျဉ်းကို ဘယ်ဖက်ကမှ တိုက်လေယာဉ်တွေ ဖြတ်ကျော်ဝင်ရောက်ခဲ့ဖူးတာမျိုးမရှိဘူးလို့ လည်း သိရပါတယ်။
ဒါပေမယ့်လည်း ထိုင်ဝမ်ကျွန်းနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် ဖိအားပေးမှုတွေနဲ့အတူ ရေလက်ကြား အလယ်မျဉ်းကို အသိအမှတ်မပြုကြောင်းနဲ့ လက်ရှိအချိန်မှာ တရုတ်တိုက်လေယာဉ်တွေဟာ ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော်ပြီး ပုံမှန်ပျံသန်းမှုတွေလုပ်ဆောင်နေတယ်လို့ တရုတ်ဖက်က ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ထိုင်ဝမ်ကျွန်းကို ဦးတည်တဲ့လမ်းကြောင်းနှစ်ခုဖြစ်တဲ့ Xiamen မြို့နဲ့ Fuzhou မြို့တို့ကို ပျံသန်းမယ့် လမ်းကြောင်းတွေကို ဘယ်အချိန်မှာ စတင်လုပ်ဆောင်မယ်ဆိုတာကိုတော့ တရုတ်ဘက်က လက်ရှိအချိန်အထိ ထုတ်ပြန်ကြေညာတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ခွင့်ပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ