မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ခွင့်ပေး
ယွန်း(NSS) - မတ် ၁၉
မြန်မာ- ထိုင်းနယ်စပ်ကုန်သွယ်ရေးကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ခွင့်ပေးထားကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ပြီးခဲ့သည့် ဧပြီ(၁၁)ရက်နေ့တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မြန်မာ- ထိုင်းနယ်စပ်ကုန်သွယ်ရေး (ရန်ကုန်- ကော့သောင်း- ရနောင်း) နှင့် (ရနောင်း- ကော့သောင်း- ရန်ကုန်)ကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ဆောင်ရွက်ခြင်းမှာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေးနည်းလမ်းအသစ်တစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်တင်ပို့ခြင်းကို ရန်ကုန်- ကော့သောင်း- ရနောင်း နှင့် သွင်းကုန်တင်သွင်းခြင်းကို ရနောင်း- ကော့သောင်း- ရန်ကုန်မှ နယ်စပ်ကုန်သွယ်ရေးနည်းလမ်း(Border Trade Method) ဖြင့် ဆောင်ရွက်ခြင်းအတွက် သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် အသိပေးထားသည်။
ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့နယ်အတွင်း၌ တပ်မတော်နှင့် KNU၊ KNLA၊ PDF ပူးပေါင်းအဖွဲ့များကြားတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ထိုင်း- မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် အာရှလမ်းမကြီးအား ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် မြဝတီကုန်သွယ်ရေးလမ်းကြောင်းသည်လည်း မြန်မာတစ်နိုင်ငံလုံးမှဆောင်ရွက်နေသည့် နယ်စပ်ကုန်သွယ်ရေးပမာဏ၏ ၂၅ ရာခိုင်နှုန်းကျော်ရှိပြီး လက်ရှိတွင် တိုက်ပွဲများကြောင့် ကုန်သွယ်မှုများသည် ရပ်နားလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AA အဖွဲ့ခေါင်းဆောင်သည် လူမျိုးရေးပဋိပက္ခဖြစ်ပွားရန် လုပ်ဆောင်နေကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းတုံ့ပြန်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း