မြဝတီမြို့ပေါ်တွင် ပုံမှန်အတိုင်း တည်ငြိမ်နေလျက်ရှိပြီး BGF နှင့် DKBA အဖွဲ့များက ကင်းလှည့်သွားလာမှုများရှိနေဟု ဒေသခံများဆို
မြူနစ် (NSS) - ဧပြီ ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်တွင် ပုံမှန်အတိုင်း တည်ငြိမ်နေလျက်ရှိပြီး BGF နှင့် DKBA လက်နက်ကိုင်အဖွဲ့များက ကင်းလှည့်သွားလာမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
မြဝတီမြို့ခံများအနေဖြင့် ယနေ့(ဧပြီ ၁၈ ရက်)တွင် မြို့အတွင်းမှထွက်သွားရန် ကောလာဟ လများထုတ်လွှင့်ကာ ပြောဆိုရေးသားမှုများရှိနေသော်လည်း ပုံမှန်အတိုင်းသာ လည်ပတ်နေ လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သောရက်ပိုင်းအတွင်း၌ မြဝတီမြို့တွင် တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်သည့်မြို့ခံများအနေဖြင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်မှုများရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
“မြို့ထဲမှာတော့ အေးအေးဆေးဆေးပါပဲ။ ပုံမှန်ပါပဲ။ လူငယ်တွေရော၊ လူကြီးတွေရော ပုံမှန်ပဲ သွားနေကြတာပဲ။ အခုမြို့ပေါ်မှာတော့ BGF နဲ့ DKBA နဲ့ပဲတွေ့တယ်။ သူတို့ပဲ လှုပ်ရှားနေတယ်လေ။ အရင်ရက်ကတော့ BGF က ကြေညာတာရှိတယ်။ သူခိုးတွေ (၃)ရက်အတွင်း ထွက်ပါဆိုပြီးတော့ ကြေညာတယ်။ တကယ်လို့ မိလို့ရှိရင် ပြင်းထန်စွာအရေးယူမယ်ဆိုပြီးတော့ပေါ့” ဟု မြဝတီမြို့ခံတစ်ဦးက NSS ကို ပြောသည်။
လက်ရှိတွင် မြဝတီမြို့ပေါ်၌ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေးရယူထားသည့်အခြေ အနေမျိုးကို မတွေ့ရကြောင်းလည်း မြို့ခံများက ပြောသည်။
“ကျွန်တော် သွားနေတာတော့ မြို့ပေါ်မှာ စစ်သားတွေ၊ ဘာတွေ မတွေ့ဘူး။ ရဲကတော့ ရဲစခန်းထဲမှာ ရှိတယ်။ အရပ်ဝတ်တွေနဲ့ပဲ စခန်းထဲမှာ နေတယ်။ ရဲလည်း မြို့ထဲကို လှည့်တာမတွေ့ဘူး”ဟု မြဝတီမြို့ခံတစ်ဦးက ဆက်လက်ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော KNLA၊ KNDO နှင့် PDF ပူးပေါင်းအဖွဲ့များ သည် ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ မြဝတီမြို့အနီးရှိ ခလရ (၂၇၅)ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် KNLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့၏ အနီးတစ်ဝိုက်တွင် သွားလာလှုပ်ရှားနေလျက်ရှိကြောင်း သိရသည်။
ထို့ပြင် KNLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့သို့ စစ်ကူပေးရန် လာရောက်နေသည့် တပ်မတော်၏ စစ်ကြောင်းကို ကော့ကရိတ်နှင့် သင်္ဃန်းညီနောင်ကြားရှိ ဒေါနတောင် ကြောတစ်ဝိုက်တွင် ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှိုင်သာယာမြို့နယ်တွင် ကားနှစ်စီးမျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ တစ်ဦးသေဆုံး၍ (၅)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ