မြဝတီမြို့တွင် တိုက်ပွဲဖြစ်ပွားမှုပြင်းထန်လာမှုနှင့်အတူ မဲဆောက်မြို့တွင် ထိုင်းစစ်သားများကင်းလှည့်မှုလုပ်ဆောင်နေ
Pika (NSS) - ဧပြီ ၁၁
ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့တွင် မြန်မာစစ်တပ်နှင့်လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုများ ပြင်းထန်လာမှုနှင့်အတူ ဧပြီလ(၁၀)ရက်နေ့တွင် ထိုင်းသံချပ်ကာယာဉ်များသည် မဲဆောက်မြို့တွင် ကင်းလှည့်မှုများကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ လူရာချီသည် မဲဆောက်မြို့ရှိ လူဝင်မှုကြီး ကြပ်ရေးဂိတ်တွင် ထိုင်းနိုင်ငံသို့ဝင်ရောက်ရန် တန်းစီကာ စောင့်ဆိုင်းနေကြောင်းလည်းသိရသည်။ ထိုင်းစစ်သားများသည် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတားအောက်တွင် နေရာယူထားကြကြောင်းလည်း သိရသည်။ ထို့ပြင် ရာနှင့်ချီသောလူများသည် အဆိုပါချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံတွင်းသို့ သွားနေကြကြောင်းလည်းသိရသည်။ အသက်(၄၉)နှစ်အရွယ် Khu က 'ကျွန်မ အရမ်းကြောက်လာလို့ ထိုင်းဘက်ခြမ်းကိုသွားဖို့ ဆုံးဖြတ်လိုက်တာပါ။ ထိုင်းနိုင်ငံမှာ (၇)ရက်နေထိုင်ခွင့် ဗီဇာရရှိထားပေမယ့်လည်း တိုက်ပွဲတွေ မရပ်တန့်မချင်း မြန်မာဘက်ခြမ်းကို မပြန်ချင်ပါဘူး။”ဟု ပြောဆိုခဲ့သည်။
မြဝတီမြို့တွင် မြန်မာစစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့ကြားဖြစ်ပွားနေသော တိုက်ပွဲသံများ သည် ပြီးခဲ့သည့်(၁၅)နှစ်အတွင်း ကြားခဲ့ဖူးသမျှထဲတွင် အပြင်းထန်ဆုံးဖြစ်ကြောင်း အမည်ထုတ်ဖော်ပြောဆိုခြင်းမရှိသည့် ထိုင်းစစ်သားတစ်ဦးက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရက်များအတွင်း မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဂိတ်သို့ ဖြတ်သန်းသွားလာသူဦးရေသည် တစ်ရက်လျှင် (၄)ထောင်ဝန်းကျင်အထိ တိုးလာကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးကပြောကြားခဲ့သည်။ လာမည့်ရက်ပိုင်းအတွင်း ထိုင်းဘက်ခြမ်းသို့ကူးပြောင်းလာမည့် လူအရေအတွက် မြင့်တက်လာနိုင်ခြေနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းမှုများလုပ်ဆောင်ရန်အတွက် ထိုင်းအာဏာပိုင်များသည် လူဝင်မှုကြီးကြပ်ရေးအရာရှိအရေအတွက်ကို ထပ်မံဖြည့်တင်းပေးထားကြောင်း ၎င်းကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံရေးပါတီများအစုအဖွဲ့ကို ရှေ့လအတွင်း ဖွဲ့စည်း၍ခြေဥပြင်ဆင်ရေး ဆွေးနွေးမှုများကို ပြန်လည် စတင်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ