နိုင်ငံရေးပါတီများအစုအဖွဲ့ကို ရှေ့လအတွင်း ဖွဲ့စည်း၍ခြေဥပြင်ဆင်ရေး ဆွေးနွေးမှုများကို ပြန်လည် စတင်မည်
မြူနစ် (NSS) - ဧပြီ ၁၃
နိုင်ငံရေးပါတီများအစုအဖွဲ့ကို လာမည့် မေလ အတွင်း ဖွဲ့စည်း၍ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုများကို ပြန်လည်စတင်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် နိုင်ငံရေးပါတီများအစုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် နစက၏ NSPNC က မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးဖြစ်သော ပါတီ(၄၅)ခုထံမှ သဘောထားအကြံပြုချက်များကို တောင်းခံ ထားကြောင်း သိရသည်။
“နိုင်ငံရေပါတီအစုအဖွဲ့ကို ရန်ကုန်မှာ မေလထဲ မှာတွေ့ပြီးတော့ ဖွဲ့ဖို့ရှိတယ်။ အခု ဧပြီ ၇ ရက်နေ့ နောက်ဆုံးထားပြီးတော့ NSPNC ကို ပါတီတွေက သဘောထားပေးရမယ်။ တချို့ပါတီတွေက အုပ်စုဖွဲ့ ပြီးတော့ နိုင်ငံရေးပါတီအစုအဖွဲ့မှာ ပါနိုင်အောင် လုပ်နေတာရှိတယ်” ဟု မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးဖြစ်သော နိုင်ငံရေးပါတီတစ်ခု၏ အကြီးအကဲတစ်ဦး က NSS ကို ပြောသည်။
မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသော နိုင်ငံရေး ပါတီများအနေဖြင့် သဘောထားအကြံပြုချက်များကို ဧပြီ ၇ ရက်နေ့ နောက်ဆုံး ထားကာ NSPNC ထံသို့ ပေးပို့ရခြင်းဖြစ်ပြီး လာမည့်မေလအတွင်း၌ နိုင်ငံရေး ပါတီများအစုအဖွဲ့ကို ရန်ကုန်မြို့တွင် ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“အဓိကလုပ်ငန်းစဉ်ကတော့ နိုင်ငံရေးပါတီအစု အဖွဲ့ကနေ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တော့ အကြံပြုဖို့ပေါ့။ ပါတီတွေဘက်ကနေပေါ့။ အဲဒီအစုအဖွဲ့နဲ့NSPNC ပုံမှန်တွေ့ပြီးတော့ ဆွေးနွေးကြဖို့ပေါ့။ အဲဒီအစုအဖွဲ့က နောက်ကျရင်NSPNC နဲ့လည်း ဆွေးနွေးမယ်။ EAO တွေနဲ့ ဆွေးနွေးတဲ့အခါကျရင်လည်း အဲဒီအစုအဖွဲ့က ပါတီတွေကို ကိုယ်စားပြုတဲ့ ပုံစံမျိုး ဖြစ်သွားမှာပေါ့” ဟု နိုင်ငံရေးပါတီတစ်ခုမှ အကြီးအကဲတစ်ဦးက ဆက်လက်ပြောသည်။
ထိုသို့ နိုင်ငံရေးပါတီများအစုအဖွဲ့များကို ဖွဲ့စည်းပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပွဲများကို တစ်လ၊ တစ်ကြိမ်ခန့် ပြုလုပ်သွား ဖွယ်ရှိကြောင်း သိရသည်။
ထို့ပြင် အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက် ၍ NSPNC, EAO အဖွဲ့များနှင့် နိုင်ငံရေးပါတီအစု အဖွဲ့များအကြား တွေ့ဆုံဆွေးနွေးပွဲများသည်လည်း ထပ်မံဖြစ်ပေါ်လာဖွယ်ရှိကြောင်း သိရသည်။
လက်ရှိနစကအစိုးရလက်ထက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်ပြဋ္ဌာန်း ခဲ့ပြီး ၎င်းဥပဒေအရ ပါတီပေါင်း (၇၀)နီးပါး မှတ်ပုံတင်လျှောက်ထားခဲ့ရာ (၄၅)ပါတီကျော်သည် မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အထူးကုန်စည်ဖြစ်သော စီးကရက်အပေါ် အခွန်နှုန်း တိုးမြှင့်ကောက်ခံမည်ယခုနှစ်အတွင်း ပြည်ထောင်စု၏ အခွန်ငွေ ကျပ်ဘီလျံ (၉၀ဝဝ)ကျော်ရရန် လျာထား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ