တပ်မတော်၏ ခလရ - ၂၇၅ တပ်ရင်းကို KNLA ပူးပေါင်းအဖွဲ့က ယနေ့ နံနက်အစောပိုင်းတွင် သိမ်းပိုက်ဟုဆို
ပုံစာ - KNU က ထုတ်ပြန်ထားသည့် ဓာတ်ပုံ
သုတကျော် (NSS) - ဧပြီ ၁၁
တပ်မတော်၏ ခလရ - ၂၇၅ တပ်ရင်းကို KNLA ပူးပေါင်းအဖွဲ့ က ယနေ့(ဧပြီလ ၁၁ ရက်)နံနက်အစောပိုင်းတွင် သိမ်းပိုက်ခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သတင်းရရှိသည်။
အဆိုပါ တပ်ရင်းကို ဧပြီလ (၈) ရက်တွင် အထက်ပါ ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ခဲ့ကာ ဧပြီလ ၁၁ ရက် နံနက်အစောပိုင်း ၄ နာရီ မိနစ် ၂၀ အချိန်တွင် စခန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ တပ်ရင်းမှ တပ်မ တော်တပ်ဖွဲ့ဝင်များသည် မြဝတီတံတားအမှတ် ၂ သို့ ဆုတ်ခွာခဲ့သည်ဟု နံနက်ပိုင်း ၁၀ နာရီ အချိန်ခန့်တွင် ဒေသခံအချို့ထံက သိရပြီး ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်သူပြည်သူများသည် ယနေ့ ဧပြီလ ၁၁ ရက်အထိ ရှိနေကြောင်း သိရသည်။
လက်ရှိ အခြေအနေအရ ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထားကာ တပ်မတော်ဘက်မှ လေကြောင်း ပျံသန်းမှုရှိနေသည်ဟု ဒေသခံအချို့၏ ပြောကြားထားချက်များအရ သိရသည်။ အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့ က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမျိုးမရှိသေးပေ။ မြဝတီမြို့၏ နောက်ဆုံး အခြေအနေနှင့်ပတ်သက်၍ NSS အနေဖြင့်ဆက်လက် မေးမြန်းမှုများပြုလုပ်နေဆဲ ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်နှင့်ပေါင်းစည်းရေးကို မည်သူကမှတားဆီးနိုင်မည်မဟုတ်ဟု တရုတ်သမ္မတပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ