Miss Grand Thailand ပြိုင်ပွဲတွင် အလှမယ်တစ်ဦး ဝတ်ဆင်ခဲ့သော ကယန်းရိုးရာမှီငြမ်းဝတ်စုံနှင့်ပတ်သက်၍ တာဝန်ရှိသူများက ကန့်ကွက်သင့်ကြောင်း ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ပညာရှင်တစ်ဦးအကြံပြု
သုတကျော် (NSS) - ဧပြီ ၁၁
Miss Grand Thailand ပြိုင်ပွဲတွင် အလှမယ်တစ်ဦး ဝတ်ဆင်ခဲ့သော ကယန်းရိုးရာ မှီငြမ်းဝတ်စုံနှင့် ပတ်သက်၍ တာဝန်ရှိသူများက ကန့်ကွက်သင့်ကြောင်းရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ပညာရှင်တစ်ဦးက NSS မှတစ်ဆင့် အကြံပြုပြောကြားသည်။
Miss Grand Thailand အလှမယ်ပြိုင်ပွဲတွင် မယ်ဟောင်ဆောင် ကိုယ်စားပြု အလှမယ် ဝတ်ဆင်ခဲ့ သော ကယန်းရိုးရာ မှီငြိမ်းဝတ်စုံနှင့်ပတ်သက်၍ အဆိုပါ ပြိုင်ပွဲ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေ့ချ်တွင် ဖော်ပြခဲ့ရာ လူမှုကွန်ရက်သုံးစွဲသူ မြန်မာနိုင်ငံသား အများအပြားက အထက်ပါ တိုင်ရင်းသားများ ဖြစ်ကြောင်းနှင့် အသုံးမပြုသင့်ကြောင်း ဝေဖန်သည့် မှတ်ချက်များကို ပေးခဲ့ကြကာ ထိုင်းနိုင်ငံသား လူမှုကွန်ရက် သုံးစွဲသူအချို့ကလည်းထောက် ခံရေးသားခဲ့ကြောင်း တွေ့မြင်ရသည်။
အဆိုပါဝတ်စုံနှင့်ပတ်သက်၍ ကရင်မျိုးနွယ်စုမှဖြစ်ကြောင်း၊ အဆိုပါ မျိုးနွယ်စုသည် မယ်ဟောင်ဆောင်ခရိုင် တွင် ထိုင်းနှင့် နိုင်ငံခြားသားများကို ဆွဲ ဆောင်နိုင်ကြောင်းနှင့် မယ်ဟောင်ဆောင် သည် ယဉ်ကျေးမှုပေါင်းစုံကွဲပြားစွာရှိ ကြောင်း စသည်ဖြင့် ထည့်သွင်းရေးသား ခဲ့ကာ ဝတ်ဆင်ခဲ့သူမှာလည်း မယ်ဟောင် ဆောင်ကိုယ်စားပြု အလှမယ်ဖြစ်သည်။
“ဒီဟာက ကျွန်တော်တို့က ယဉ်ကျေး မှုဝန်ကြီးဌာန ဒါမှမဟုတ် သံရုံးက ကျွန် တော်တို့ဆီမှာ ဒါနဲ့ပတ်သက်ပြီး ခိုင်ခိုင်မာမာပြနိုင်တယ်ဆိုရင် ဒါမျိုး အသုံးပြုဖို့ အရင် ဆုံးခွင့်တောင်းသင့်တာပေါ့။ ကျွန်တော်တို့ကခွင့်ပြုမှ သူတို့ သုံးသင့်တာပေါ့။ ကျွန်တော်တို့က ခွင့်မပြုဘူး ဆိုရင်တော့ မသုံးသင့်ဘူး။ ခွင့်မတောင်းဘဲ ဒီလိုမျိုးလုပ်တယ်ဆိုရင်တော့ ကျွန်တော်တို့က သူတို့ ရဲ့ ထိုင်းသံရုံးတို့ကို ဘာတို့ကို ကန့်ကွက်စာပို့ရတာပေါ့။ ဒါမျိုးပေါ့။ ဒါကတော့ သံရေးတမန်ရေးမှာ လုပ်လေ့လုပ် ထရှိတာမျိုးပေါ့” ဟု အထက်ပါ ပညာရှင်ကဆိုသည်။
ယခုကဲ့သို့ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု ဖြစ် သည့်အတွက် အရေးကြီးပြီး ယူမသုံးသင့်ကြောင်း၊ လူမျိုးချင်း၊ နိုင်ငံချင်း ကျင့်ဝတ်ရှိရမည် ဖြစ်ကြောင်း လည်း ၎င်းကဆိုသည်။
“သူတို့ရဲ့အထိမ်းအမှတ် ယဉ်ကျေးမှုတစ်ခုကို ကျွန်တော်တို့ဆီမှာ ရှိတဲ့ပုံစံမျိုးနဲ့ လုပ်လို့ရှိရင် မကောင်းဘူးလေ။ ကျင့်ဝတ်ရှိရတယ်ပေါ့။ တိုင်းပြည် ဘယ်လောက်ပဲ အဆင်ပြေပြေ ချမ်းသာချမ်းသာ ယဉ်ကျေးမှု ထိုးဖောက်တာ မဖြစ်သင့်ဘူးလို့ မြင်တာ ပဲ” ဟု ၎င်းက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NLD အစိုးရလက်ထက် ဦးဖြိုးမင်းသိန်းဝယ်ယူခဲ့သော ဘီလျံ(၃၀)ကျော်တန် မီးစက်ကြီးက တစ်နာရီလျှင် ကျပ်သိန်း(၂၀ဝ)ခန့် ကုန်ကျနေ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ