NLD အစိုးရလက်ထက် ဦးဖြိုးမင်းသိန်းဝယ်ယူခဲ့သော ဘီလျံ(၃၀)ကျော်တန် မီးစက်ကြီးက တစ်နာရီလျှင် ကျပ်သိန်း(၂၀ဝ)ခန့် ကုန်ကျနေ
ယွန်း (NSS) - ဧပြီ ၁၁
NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း တာဝန်ယူခဲ့စဉ်က ပြည်ထောင်စုရန်ပုံငွေဖြင့်ဝယ်ယူခဲ့သော ဘီလျံ(၃၀)ကျော်တန် မီးစက်ကြီးကို လျှပ်စစ်ဓာတ်အားအရေး ပေါ်လိုအပ်ချိန်များတွင် အသုံးပြုနေကြောင်း လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NSS သို့ ဖြေကြားသည်။
NLD အစိုးရလက်ထက်က ဝယ်ယူခဲ့သော အထက်ပါ မီးစက်ကြီးကို လက်ရှိတွင် မည်သို့အသုံးပြု နေကြောင်း NSs က မေးမြန်းသည့်အပေါ် ဝန်ကြီးဌာနတာဝန်ရှိသူက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"လျှပ်စစ်ဓာတ်အားအရေးပေါ်လိုအပ်သည့် အချိန်များနှင့် နွေရာသီကာလတွင် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မောင်းနှင် ထုတ်လုပ်ပေးလျက်ရှိပါသည်"ဟု အီးမေးလ်မှတစ်ဆင့် ပြန်လည်ဖြေကြားထားသည်။
အဆိုပါမီးစက်ကို GE ကုမ္ပဏီမှထုတ်လုပ်ထားပြီးTM 2500 အမျိုးအစားဖြစ်ကာ ဓာတ် အား ၂၅ မဂ္ဂါဝပ်ထွက်ရှိသော ဂက်စ်နှင့် ဒီဇယ်နှစ်မျိုးအသုံးပြုနိုင်သည့်အပြင် ရွေ့လျားသယ် ဆောင် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနိုင်သောTrailer-Mounted Gas Turbine Generator အမျိုးအစားဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနထံမှသိရသည်။ လက်ရှိတွင်ယင်းဓာတ် အားပေးစက်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့နယ်ရှိ သာကေတ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် ထားရှိအသုံးပြုနေကြောင်းလည်းသိရသည်။
"ဂက်စ်နဲ့ ဒီဇယ် နှစ်မျိုးသုံးမီးစက်ပေါ့။ ဘယ်နေရာကိုမဆိုရွှေ့လို့ရတယ်။ ထွက်တာတော့ ၂၅ မဂ္ဂါ ဝပ်တောင် ထွက်တယ်။ သာမန်မြို့လေးတစ်မြို့ဆိုရင် တော့ အသာလေးပဲ တစ်မြို့လုံးထွန်းထားလို့ရတယ်။ ကျွန်တော်တို့သိတာကျတော့ ရန်ကုန်တိုင်းကနေ ဒီဘက်ကိုလွှဲပေးတာတော့ ၂၀၁၈ လောက်မှာပေါ့။ လက်ရှိမှာတော့ သာကေတဝန်းထဲမှာရှိပါတယ်။ နွေရာသီမှာအဓိကသုံးတာပေါ့။ (၁၀)တန်းစာမေးပွဲ ဖြေတဲ့အချိန်တို့လိုမျိုး အရေးပေါ်အချိန်တွေမှာသုံး နေတာပေါ့။ ပြီးရင် နွေရာသီမှာ ဓာတ်အားလိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ဖို့ မောင်းနှင်ထုတ်လုပ်ပေးလျက်ရှိပါတယ်"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
အဆိုပါမီးစက်ကို ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း NP News ၏ ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်တစ်ဦးကပြောသည်။
"ပြည် ထောင်စုရန်ပုံငွေနဲ့ ဝယ်ခဲ့တာ။ အဲဒီတုန်းကတော့ စစချင်းဆိုတော့ သူပြောတာကို အကုန်သဘောတူကြ တယ်။ ပြည်ထောင်စုလွှတ်တော်ကနေ ၂၀၁၇ ခုနှစ် ဧပြီ လအတွင်းကနေစခဲ့လိုက်တာ ၃၀ ဘီလျံချပေးလိုက် တဲ့အခါ အဲဒီမီးစက်ကြီးကိုဝယ်ခဲ့တယ်ပေါ့ဗျာ။ ဝယ်တဲ့အခါကျတော့ အဲဒီမှာနိုင်ငံတော်သမ္မတကြီးရဲ့ တင်ဒါစည်းမျဉ်း ၂၀၁၇ခုနှစ်၊ ဧပြီမှာထွက်တယ်။ သင်္ကြန်မတိုင်ခင်ပေါ့။ အတည်ပြုလိုက်ပြီး နိုင်ငံ တော်သမ္မတက လက်မှတ်ထိုးလိုက်တယ်။ လက်မှတ် ထိုးလိုက်တော့ အတည်ဖြစ်သွားတာပေါ့"ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။
ပြည်တွင်း၌ ရေအားအပါအဝင် သဘာဝဓာတ် ငွေ့၊ နေရောင်ခြည်နှင့် ကျောက်မီးသွေးဟူသည့် စွမ်းအင်အမျိုးအစား(၄)မျိုးဖြင့် စက်ရုံပေါင်း (၆၄) ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေပြီး နေ့စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား(၃၀ဝဝ)မဂ္ဂါဝပ်ခန့် ထုတ်လုပ် ဖြန့်ဖြူးပေးနေကြောင်း သိရသည်။
ပြည်တွင်း၌ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှ စတင်ကာ ပြည်သူလူထုအနေဖြင့် လျှပ်စစ်မီး ပြတ် တောက်မှုကို ဆိုးရွားစွာကြုံတွေ့ခဲ့ရပြီး မတ်လမှစတင် ကာ လျှပ်စစ်မီးကို အုပ်စု(အေ)နှင့် အုပ်စု(ဘီ)ခွဲ၍ အချိန်ဇယားဖြင့်သာ ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အချိန်ဇယားအရ နေ့စဉ်လျှပ်စစ်မီးကို အလှည့်ကျ ပေးခဲ့သော်လည်း ယခုရက်ပိုင်းတွင် ရန်ကုန်မြို့၌ လျှပ်စစ်မီးပြတ်တောက်မှုသည် ပိုမိုဆိုးရွားလာခြင်းကြောင့် လူထု၏လုပ်ငန်းပိုင်းဆိုင်ရာများတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။
လက်ရှိပေါက်ဈေးအရ ဒီဇယ်တစ်ဂါလန်လျှင် ငွေကျပ် ၁၁၀ဝ၀ ကျော်ရှိရာ အဆိုပါမီးစက်ကို လည် ပတ်မည်ဆိုပါက တစ်နာရီလျှင် ဒီဇယ်ဂါလန် (၁၆၈၀) ကုန်ကြောင်း အထက်ပါ သတင်းရင်းမြစ်က သုံးသပ်ပြောကြားထားသည့်အတွက် ဆီဖိုးအတွက် တစ်နာရီကုန်ကျစရိတ်သည် ငွေကျပ်သိန်း(၂၀ဝ)နီးပါးကုန်ကျမည်ဖြစ်ကြောင်း တွက်ချက်သိရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နာမည်ကြီး SKD ကားစက်ရုံများ ပြန်ထွက်မသွားရေးအတွက် အရေအတွက်တစ်ခု သတ်မှတ်ထုတ်ခွင့်ပေးရန် ကားလုပ်ငန်းရှင်အချို့ တိုက်တွန်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ