AFC Futsal Asian Cup 2024 ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ကမ္ဘာ့အဆင့်နှင့် အာရှအဆင့်များ မြင့်တက်
သန့်ဇင်(NSS) - ဧပြီ ၁၀
AFC Futsal Asian Cup 2024 ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ကမ္ဘာ့အဆင့်နှင့် အာရှအဆင့်များ အသီးသီးမြင့်တက်လာခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားချက်များအရ သိရသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲကို လာမည့် ဧပြီလ ၁၇ရက်နေ့တွင် ထိုင်းနိုင်ငံတွင်ကျင်းပမည်ဖြစ်ပြီး အုပ်စု(က)၌ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲစဉ်များမတိုင်မီ ဖူဆယ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ရာတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေဖြင့် အာရှအဆင့် (၁၈) မှ (၁၅)သို့ လည်းကောင်း၊ ကမ္ဘာ့အဆင့် ရပ်တည်မှုတွင် အဆင့် (၇၈) မှ (၆၉)သို့လည်းကောင်း တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အုပ်ချုပ်နည်းပြ ၁၀ ဦး၊ ကစားသမား ၁၇ ဦးဖြင့် ထိုင်းနိုင်ငံသို့ ဧပြီလ ၅ ရက်တွင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်ကာ ဧပြီ ၁၇ ရက်တွင် ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊ ဧပြီ ၁၉ ရက်တွင် အိမ်ရှင် ထိုင်းအသင်းနှင့် လည်း ကောင်း၊ ဧပြီ ၂၁ ရက်တွင် တရုတ် အသင်းနှင့်လည်းကောင်း အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ထိုသို့ ကမ္ဘာ့အဆင့်နှင့် အာရှအဆင့်များကောင်းမွန်လာခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ပါက ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပမည့် ဖူဆယ်ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သန်းခေါင်စာရင်းကောက်ယူရန် စာရင်းကောက်ကွက်ပေါင်း(၁၁၀၀၀၀)ခန့်ရှိပြီး စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း (၄၀၀၀၀)ကျော် အသုံးပြု ကောက်ယူမည်
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း