မြဝတီမြို့ရှိ တပ်မတော်၏ ခလရ ၂၇၅ ကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားနေပြီး မြို့ခံများ တိုက်ပွဲသံကို ကြားနေရ
သုတကျော် (NSS) - ဧပြီ ၉
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ တပ်မတော်၏ ခလရ ၂၇၅ ကို KNLA ပူးပေါင်းအဖွဲ့က တိုက် ခိုက်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲသံများ ကြားနေရကြောင်း မြဝတီမြို့ခံ တစ်ဦးကို NSS က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
ယနေ့ (ဧပြီလ ၉ ရက်) ညနေပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်သံကြားရခြင်းဖြစ်ပြီး အခြေအနေကို ကြည့်နေကြောင်း မြဝတီမြို့ခံတစ်ဦးက ဆိုသည်။ 'လောလောဆယ်ကတော့ အသံတွေကတော့ ကြားနေရတာပါပဲ။ လောလောဆယ်တော့ မြို့ပေါ်တိုက်ပွဲမဖြစ်ဘူးပြောလို့မရဘူး။ နီးတော့ နီးနေတယ်။ (ခလရ) ၂၇၅ က မြို့အနားမှာတင်ပဲ။ ကျွန်မတို့က လောလောဆယ်တော့ မြို့ထဲမှာပဲ ရှိပါသေးတယ်'ဟု အထက်ပါ ဒေသခံက ဆိုသည်။
လက်ရှိတွင် ဒေသခံ အချို့ထံ NSS က မေးမြန်းထားချက်အရ လေကြောင်း တိုက်ခိုက်မှု လည်းရှိနေသည်ဟုသိရပြီး နောက်ဆက်တွဲ အခြေအနေကို သိရခြင်းမရှိသေးပါ။ “တိုက်ပွဲက ပြင်းပြင်းထန်ထန်တော့ ဖြစ်နေတယ်လို့ ထင်ရတာပေါ့။ အသံက အဲဒီလို ကြားနေရတာ။ သွားမကြည့်ရဲဘူးပေါ့”ဟု အထက်ပါ မြို့ခံက ဆိုသည်။
ခလရ ၂၇၅ ကို KNLA ပူးပေါင်းအဖွဲ့ဘက်က လက်နက်ချရန် ညှိနှိုင်းမှုရှိသော်လည်း ယနေ့တွင် တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်ကာ အဆိုပါ တပ်သည် မြဝတီမြို့အတွက် အဆုံးအဖြတ် တပ်ရင်းတစ်ရင်းလည်းဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မရမ်းကုန်မြို့နယ်တွင် CNG သုံးတက္ကစီတစ်စီး ကားစက်နှိုးစဉ် ဝါယာရှော့ဖြစ်ကာ မီးလောင်ခြင်းကြောင့် တစ်စီးလုံးပျက်စီးဆုံးရှုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ