မရမ်းကုန်မြို့နယ်တွင် CNG သုံးတက္ကစီတစ်စီး ကားစက်နှိုးစဉ် ဝါယာရှော့ဖြစ်ကာ မီးလောင်ခြင်းကြောင့် တစ်စီးလုံးပျက်စီးဆုံးရှုံး
သန့်ဇင် (NSS) - ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့နယ်တွင် CNG သုံးတက္ကစီတစ်စီး ကားစက်နှိုးစဉ် ဝါယာရှော့ဖြစ်ကာ မီးလောင်ခြင်းကြောင့် တစ်စီးလုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းထံမှ သိရသည်။
ကားမီးလောင်မှုသည် ယနေ့(ဧပြီလ ၁၀ ရက်)၊ နံနက် ၃နာရီ ၅၀မိနစ်အချိန်က မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဝါယာလက်(၂)လမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“Probox ဂတ်(စ်)ကားတစ်စီးလောင်တာပါ။ ကားစက်နှိုးရင်းကနေ ဝါယာရှော့ဖြစ်ပြီး လောင်တာပေါ့။ ကားတစ်စီးလုံးလောင်သွားတာပါ”ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ကားမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း Probox ကားတစ်စီးလုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ “အကြံပြုချင်တာကတော့ ဒီရာသီက ပူပြင်းတဲ့ရာသီဖြစ်တဲ့အတွက် ကားသမားတွေအနေနဲ့ အထူးဂရုစိုက်စေချင်ပါတယ်”ဟု ၎င်းက အကြံပြုပြောဆိုသည်။
ထို့ကြောင့် ၎င်းကားမီးလောင်မှုဖြစ်စဉ်ကို မရမ်းကုန်းမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားပရဟိတအသင်းအဖွဲ့များက ဝိုင်းဝန်းမီငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မော်လမြိုင်ရထားလမ်း၌ ကျောက်တင်ရထားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရကာ အဆိုပါလမ်းပိုင်းတွင် လူစီးရထားများ ပြေးဆွဲမည့်အခြေအနေကို မနက်ဖြန်ဆုံးဖြတ်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း